• Follow Us on
Latest News

Home နေပြည်တော်ကောင်စီနယ်မြေရှိ အရေးကြီးနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်ရန် အကြမ်းဖက် သမားများလွှတ်တင်ခဲ့သည့် fixed Wing များအားလုံး ပစ်ချဟန့်တားနိုင်ခဲ့

နေပြည်တော်ကောင်စီနယ်မြေရှိ အရေးကြီးနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်ရန် အကြမ်းဖက် သမားများလွှတ်တင်ခဲ့သည့် fixed Wing များအားလုံး ပစ်ချဟန့်တားနိုင်ခဲ့

Share this post

နေပြည်တော်၊ ဧပြီ ၅

 

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်နှင့် အေလာမြို့နယ်တို့ရှိ အရေးကြီး အဆောက်အဦများနှင့် နေရာဌာနများအား ဖောက်ခွဲဖျက်ဆီးရန်နှင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ယုတ်မာကောက်ကျစ်သည့် အကြံအစည်များဖြင့် အကြမ်းဖက်သမားများသည် ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အေလာမြို့ နယ်နှင့် ဇေယျာသီရိမြို့နယ်အနီးတို့မှ Fixed Wing များလွှတ်တင်ခဲ့ပြီး အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်နိုင်ရန် ကြံစည်ကြိုးပမ်းလာခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကြံစည်ကြိုးပမ်းလာခဲ့မှုအား နေပြည်တော်ကောင်စီနယ်မြေအတွင်း လေကြောင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဖြင့် ထောက်လှမ်းသိရှိခဲ့ရပြီး အဆိုပါ Fixed Wing များအားလုံးကို လက်ဦးမှုရယူဟန့်တားနိုင်ခဲ့ကြောင်း သိရ သည်။

 

ထိုသို့ လက်ဦးမှုရယူ ဟန့်တားနိုင်ခဲ့မှုကြောင့် ၂ စီးမှာ သတ်မှတ်နေရာမရောက်မီ လေထဲတွင်ပေါက်ကွဲပျက်စီး ခဲ့ပြီး အခြား Fixed Wing အားလုံးကိုလည်းပစ်ချဟန့်တားနိုင်ခဲ့ကြောင်း၊ အဆိုပါ ပစ်ချဟန့်တားခဲ့မှုကြောင့် မြေပြင်ပေါ်သို့ပျက်ကျခဲ့ရသည့် Fixed Wing များအနက် ၁၃ စီးအား သိမ်းဆည်းရရှိခဲ့ပြီး ၎င်းတို့ အနက် ၄ စီးတွင် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများပါရှိလာသဖြင့် စနစ်တကျဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်းနှင့် အခြားမြေပြင် ပေါ်သို့ပျက်ကျခဲ့သည့် Fixed Wing များအား သိမ်းဆည်းရမိရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဖြစ်စဉ်များတွင် လူနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အရေးပေါ်အခြေအနေများတွင် ဖြစ်ပေါ်လာသော အခြေအနေများအား လုံခြုံရေးအရချက်ချင်းတုန့်ပြန်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post