နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

PUBLISHED - January 16, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၆
ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ သနပ်ပင်ဆိပ်ကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သနပ်ပင်ဆိပ်၊ ညောင်ပင်သာ၊ ကျွန်းဦး၊ နတ်သူရဲကျေးရွာများမှ ရွာသူ/သားများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပံ့ပိုး ကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ယက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများက ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းမှားများ ကို အယုံလွယ်လမ်းမှားမရောက်ရှိစေရေး တရားဝင်သတင်း ဌာနများ၏ ထုတ်ပြန်ချက်များကိုသာ လေ့လာနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီအစိုးရ လက်ထက်များတွင်လည်း ဆက်လက် ဆောင်ရွက် သွားရမယ့် ရေရှည်စီမံချက် Long Term Plan ဖြစ်ပါကြောင်း၊ နေ့စဉ်လူနေမှုဘဝ၊ လူမှုစီးပွားဘဝ လုံခြုံ အေးချမ်းစွာ နေထိုင်သွားလာလှုပ်ရှားနိုင်စေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဧည့်စာရင်းစစ်ဆေး မှုများကို ရပ်ရွာအေးချမ်းသာယာရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးသည့်နောက်တွင် ရပ်ရွာအေးချမ်း သာယာရေးကို ထိန့်လန့်တုန်လှုပ်ခြောက်ခြားစေရေး ရည်ရွယ်ချက် ထားပြီး လုပ်ကြံဖန်တီးမှုလုပ်ရပ် များကို တွေ့ရပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် သတ်မှတ်ထားသည့် အသက်အရွယ်အတွင်းမှာ ဥပဒေနှင့်ကိုက်ညီသူများထဲမှ ခေါ်ယူခြင်းဖြစ်ပြီး ကင်းလွတ်ခွင့်၊ လျော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များ ကိုလည်း ဗဟိုအဖွဲ့က သတ်မှတ်ပေးထားသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင် ပါကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရရပ်တည်မြဲမြံစေရန်အတွက် စောင့်ထိန်းရမည့် အမျိုးသားရေးတာဝန်ဖြစ်ပါကြောင်း၊ ပြည်သူ လူထု၏ဆန္ဒဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပြန်လည် လျှောက်လှမ်းနိုင်ရန် ဦးစွာလိုအပ်ချက်မှာ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ရရှိရေးပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ် ချမှတ်ပြီး နိုင်ငံတော်ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားသည်။
ထို့နောက် ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးနေဦး၊ ပျဉ်းမနား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁)ဗိုလ်မှူးကြီး ထွန်းလင်းဦးနှင့် ပျဉ်းမနားခရိုင် ဥပဒေအရာရှိ ဦးလှစိုးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။
#PeopleMedia