• Follow Us on
Latest News

Home နေပြည်တော်တွင် လည်ပတ်ရာခရီးစဉ်ဒေသ ၃၈ နေရာ ဖော်ထုတ်ထားရှိ

နေပြည်တော်တွင် လည်ပတ်ရာခရီးစဉ်ဒေသ ၃၈ နေရာ ဖော်ထုတ်ထားရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၇

 

နေပြည်တော်တွင် လည်ပတ်ရာခရီးစဉ်ဒေသ ၃၈ နေရာ ဖော်ထုတ်ထားရှိပြီး ပြည်တွင်း/ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်လျက်ရှိကြောင်း ယမန်နေ့က ပြုလုပ်သည့် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီမှ သိရသည်။

 

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကို Clean City၊ Green City၊ Smart City ဖြစ်စေရန်အတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်း ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ယခင်ရှိပြီး ခရီးစဉ်နေရာဒေသများ အပြင် အပန်းဖြေအနားယူနိုင်သော ခရီးစဉ်နေရာအသစ်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ခရီးသွားလုပ်ငန်း များ၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်နေသည့် (MSMEs) ထုတ်ကုန်များ တိုးမြှင့်ထုတ် လုပ်နိုင်ရေးနှင့် စွန့်ဦးတီထွင်မှုလုပ်ငန်းများကို အလေးထား ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

 

နေပြည်တော်တွင် ယခင်က ခရီးသွားများလည်ပတ်ရာ ခရီးစဉ်ဒေသ ၃၄ ခု ရှိရာမှ ခရီးစဉ်ဒေသ အသစ်လေးခု ဖော်ထုတ်နိုင်ခဲ့သည့်အတွက် ယခုအခါ ခရီးစဉ်ဒေသ စုစုပေါင်း ၃၈ နေရာ ဖော်ထုတ်ထားရှိပြီး အဆိုပါခရီးစဉ် နေရာများသို့ ပြည်တွင်း/ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post