• Follow Us on
Latest News

Home နေပြည်တော်တွင် အမျိုးသားတစ်ဦး ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့်သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ

နေပြည်တော်တွင် အမျိုးသားတစ်ဦး ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့်သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၈

 

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ပညာ့ပန်းတိုင်ကျောင်းမိန်းပေါက်ရှေ့လမ်းကြားတွင် အမျိုးသားတစ်ဦးခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့်သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိကြောင်း သိရသည်။

 

ဇန်နဝါရီလ ၆ ရက် နံနက်ခင်းအချိန်တွင် အမျိုးသားတစ်ဦး ရုပ်အလောင်းကို သယ်ဆောင်ပေးရန် ဒေသခံ လူမှုကူညီရေးအသင်းသို့ ရွာကောရဲစခန်းမှ ဖုန်းဆက်သောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

 

“ဒဏ်ရာတွေက ခန္ဓာကိုယ်အနှံ့ပဲ။ အလောင်းကိုတော့ ကုတင် ၂၀၀ ဆေးရုံကိုပို့လိုက်တယ်။ သူက အသက် ၃၈ လောက်ပဲရှိသေးတယ်” လို့ ရုပ်အလောင်းအားသွားရောက်သယ်ဆောင်သည့် ဒေသခံလူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ထိုသတ်ဖြတ်ခံရသည့် အမျိုးသားမှာ လက်ရှိအချိန်တွင် မိသားစုဝင်များနှင့်ဆက်သွယ်၍ မရရှိသေးကြောင်း၊ ၎င်းကိုမည်သူများမှ သတ်ဖြတ်သွားသည်ကို စစ်ဆေးဆောင်ရွက်နေကြောင်းလည်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post