• Follow Us on

Home နေပြည်တော်ဘူတာကြီးရှေ့ရှိ ခမ်းခြောက်နေသောရေမြောင်းထဲတွင် စွန့်ပစ်ကလေးငယ်တစ်ဦး တွေ့ရှိ

နေပြည်တော်ဘူတာကြီးရှေ့ရှိ ခမ်းခြောက်နေသောရေမြောင်းထဲတွင် စွန့်ပစ်ကလေးငယ်တစ်ဦး တွေ့ရှိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၆

 

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ဘူတာကြီးရှေ့ သံလွင်လမ်းဘေးတွင် ခမ်းခြောက်နေသော ရေမြောင်းအတွင်းထဲတွင် စွန့်ပစ်ထားသည့် နှစ်လအရွယ်ကလေးငယ်တစ်ဦး တွေ့ရှိကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီ ၃၀ အချိန်တွင် လူငယ်များမှ အပေါ့သွားစဉ် စွန့်ပစ်ထားသည့် ကလေးငယ်ကိုတွေ့ရှိသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပြောပြီး ထိုရပ်ကွက်အုပ်ချုပ်ရေးမှ သဗ္ဗသုခနာရေးကူညီမှုအသင်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

 

“ကလေးက မိန်းကလေး။ သုံးလအရွယ်လေး။ ကလေးခန္တာကိုယ်မှာ ပုရွတ်ဆိတ်တွေကိုက်ထားတာ။ အကိုက်မခံတဲ့နေရာက ကျောကုန်းနဲ့ ဗိုက်ပဲလွတ်တာ။ ခုဆေးရုံမှာကလေးကို ကျွန်တော်တို့ အသင်း ကကြည့်ပေးထားတယ်။ ခန့်မှန်းခြေအရကလေးကို ဝေလီဝေလင်းလောက်မှာ လာစွန့်ပစ်ထားတာဖြစ်မယ်။ ဘာလိုဆို ညထဲကပစ်ထားရင် ကလေးကအေးပြီး အသက်ရှိမယ်မထင်ဘူး” လို့ သဗ္ဗသုခနာရေးကူညီမှု အသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

 

လက်ရှိအချိန်တွင် ကလေးငယ်ကို ဥတ္တရသီရိမြို့နယ်ရှိ ကလေးရောဂါ အထူးကု (ကုတင်-၅၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ထိုစွန့်ပစ်ကလေးငယ်ကို မြို့နယ်ကျန်းမာရေး၊ မြို့နယ်ဆရာ ဝန်ကြီး လူမှုဝန်ထမ်းဦးစီးဌာနသို့ သတင်းပို့ထားကြောင်းလည်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post