• Follow Us on
Latest News

Home နေပြည်တော်လမ်းလျှောက်သင်္ကြန်ကိုစည်စည်ကားကားဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ပြီး K-POP အဆိုရှင် များနှင့် နာမည်ကြီးအနုပညာရှင်များ ပါဝင်သီဆိုကပြဖျော်ဖြေမည်

နေပြည်တော်လမ်းလျှောက်သင်္ကြန်ကိုစည်စည်ကားကားဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ပြီး K-POP အဆိုရှင် များနှင့် နာမည်ကြီးအနုပညာရှင်များ ပါဝင်သီဆိုကပြဖျော်ဖြေမည်

Share this post

နေပြည်တော်၊ မတ် ၁၆

 

နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို အတတ်နိုင်ဆုံး စည်စည်ကားကားဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ပြီး K-POP အဆိုရှင်များနှင့် နာမည်ကြီး အနုပညာရှင်များ ပါဝင်သီဆိုကပြဖျော်ဖြေမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း ယခင်နှစ်ကကဲ့သို့ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် နိုင်ငံတော်အဆင့် မြန်မာ့ ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဖော်ဆောင်ရန်ဖြစ်ကြောင်း၊ နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကို ရိုးရာပွဲတော်တစ်ခုအဖြစ် ပြည်သူများသာမက ဝန်ထမ်းများအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအားလုံး ပေါင်းစည်းပြီး ဝန်ထမ်းများအားလုံး စုပေါင်း ပျော်ရွှင်သည့် သင်္ကြန်ပွဲတော်တစ်ခုဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောသည်။

 

နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို အတတ်နိုင်ဆုံး စည်စည်ကားကားဖြစ်အောင် ဆောင်ရွက်မည်ဖြစ် ကြောင်း၊ အထူးအစီအစဉ်အနေဖြင့် Boss and Jobs Company နှင့် ကိုရီးယားကုမ္ပဏီများ ပူးပေါင်း၍ လမ်း လျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်တွင် ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များနှင့် နာမည်ကြီး အနုပညာရှင်များ ပါဝင်သီဆိုကပြဖျော်ဖြေမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ထင်ပေါ်ကျော်ကြားသည့် အနုပညာရှင်များကိုလည်း နေပြည် တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်ထားပါကြောင်း၊ ပြည်သူများ၊ ဝန်ထမ်းများ မြန်မာ့ နှစ်သစ်ကူးကာလတွင် စိတ်ရွှင်လန်းတက်ကြွပျော်ရွှင်စေရန် စိတ်ရင်းစေတနာဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဝန်ကြီးဌာနများအနေဖြင့် မိမိတို့ဝန်ထမ်းများ၊ ပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရေး ပူးပေါင်းပါဝင်ကြစေလို ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။

 

ဆက်လက်၍ Brilliant Aura Co.,Ltd မှ ပရောဂျက်ဒါရိုက်တာက တိုင်းရင်းသားသင်္ကြန်၊ စတုဒိသာသင်္ကြန်၊ ဝန်ကြီးဌာနသင်္ကြန်နှင့် လူငယ်သင်္ကြန်စသည့် ဇုန်လေးခု ထည့်သွင်းကျင်းပနိုင်ရေးအပါအဝင် နေပြည်တော် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်း လင်းတင်ပြခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post