• Follow Us on
Latest News

Home နေပြည်တော်သင်္ကြန်တွင်ပါဝင်ဆင်နွှဲကြမည့် ကိုရီးယားအနုပညာရှင်များ ရန်ကုန်မြို့သို့ရောက်ရှိ

နေပြည်တော်သင်္ကြန်တွင်ပါဝင်ဆင်နွှဲကြမည့် ကိုရီးယားအနုပညာရှင်များ ရန်ကုန်မြို့သို့ရောက်ရှိ

Share this post

နေပြည်တော်၊ ဧပြီ ၁၀

 

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ယဉ်ကျေး မှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန် တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့သည် ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ သို့ ရောက်ရှိလာကြောင်း သိရသည်။

 

အဆိုပါ ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့တွင် (ရုပ်ရှင်/ ရုပ်သံဇာတ်လမ်းတွဲပေါင်း များစွာ ရိုက်ကူးထားသည့် သရုပ်ဆောင် ဘတ်အွန်းဟီး၊ K-pop အဆိုတော်များ ဖြစ်ကြသည့် Rejen၊ Henny နှင့် 7 Kids Doll Group၊ Astel Dance Group နှင့် DJ-Saemi တို့ အပါအဝင် အနုပညာရှင် ၂၄ ဦးပါဝင်ပြီး ယနေ့ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိ သူများ၊ ဝန်ထမ်းများနှင့်အတူ နိုင်ငံခြားဘာသာ တက္ကသိုလ်(ရန်ကုန်)မှ ကိုရီးယား ဘာသာစကားသင်ယူနေ ကြသည့် ကျောင်းသားကျောင်းသူများက နှစ်နိုင်ငံအလံများဝှေ့ယမ်း၍ လည်းကောင်း၊ အနုပညာရှင်များ၏ ဓာတ်ပုံနှင့် အမည်စာတန်းပါ ကားချပ်များကိုင်ဆောင်၍လည်းကောင်း၊ ရန်ကုန်အနုပညာ အထက်တန်းကျောင်း (ပန်တျာကျောင်း)မှ အိုးစည်/ဒိုးပတ်အဖွဲ့ မှ အတီးအမှုတ်၊ အကတို့ဖြင့်လည်းကောင်း လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုကြသည်။

 

အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သမ္မတဟိုတယ်တွင် တည်းခိုကြမည်ဖြစ်ပြီး ဧပြီ ၁၀ ရက်တွင် နေပြည်တော်သို့ လာရောက်ကြမည်ဖြစ်ကြောင်း၊ ကိုရီးယား K-pop အနု ပညာရှင်ငါးဦးပါအဖွဲ့သည် ဧပြီ ၁၁ ရက်တွင်လည်းကောင်း၊ ၁၉ ဦးပါအဖွဲ့သည် ဧပြီ ၁၄ ရက်တွင်လည်းကောင်း အသီးသီးထပ်မံရောက်ရှိ ကြမည်ဖြစ်ကြောင်းနှင့် ဧပြီ ၁၂ ရက်ညတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တင်ဆက်မည့် Friday Night Live Show တွင်လည်း ကိုရီးယားနာမည်ကျော် တေးသံရှင်များ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post