• Follow Us on

Home နေပြည်တော်အတွင်း ရေဘေးကြောင့် ၁၉ ဦး သေဆုံး

နေပြည်တော်အတွင်း ရေဘေးကြောင့် ၁၉ ဦး သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၃

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေများဝင်ရောက်မှုကြောင့် ယမန်နေ့ ည ၈ နာရီ ၃၀ အချိန်ထိ ၁၉ ဦး သေဆုံးကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများဝင်ရောက်လျက်ရှိသဖြင့် မီးသတ်ဦးစီးဌာန၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၂ရက်နေ့ ၂၀နာရီ ၃၀ အချိန်ထိ တပ်ကုန်းနှင့်မကျီးပင်မှ (၁၅၀)ဦး၊ ရွာသစ်ကျေးရွာနှင့် အနော်ရထာရပ်ကွက်မှ (၁၂၉)ဦး၊ နေရောင်ပြအင်း၊ ဘဲကုန်းရွာ၊ ပုဗ္ဗနှင့် ဝက်အင်းရွာမှ (၁၂)ဦး၊ အေးမြင့်သာယာ၊ စက်ကုန်းရွာ၊ တန်ပို စုရွာ၊ ချောင်းစောက်ရွာနှင့် ပေါက်တောရွာတို့မှ (၇၀၅)ဦး၊ ပျဉ်းမနားနှင့် မအူပင်ရွာမှ (၂၄)ဦး၊ ပျဉ်းမနား သကြားစက်၊ ဘုန်းကြီးကျောင်း၊ ညောင်ပင်သာရွာ၊ သနပ်ရှေ့ရွာနှင့် ကျွန်းဦးရွာမှ (၆၅၁)ဦး၊ ဝက်ကုန်းနှင့် ပေါက်တောရွာမှ (၃၉၉)ဦး၊ ပုဗ္ဗသီရိတောက်ထိန်ရွာမှ (၂၀)ဦး၊ ကင်းသာလမ်းခွဲနှင့် ပင်လောင်းလမ်းဆုံမှ (၁၈)ဦး၊ ရေဘေးလွတ်ရာနေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ရွာသစ်ကျေးရွာမှ (၅၇)ဦး၊ ဘုရင့်နောင်ရပ်ကွက်နှင့် ဘိုးဘွားရိပ်သာမှ (၃၀)ဦး၊ မကျီးပင်ကျေးရွာမှ (၄၈၂)ဦး၊ မကျီးပင်အုပ်စုနှင့် ညောင်ပင်သာရွာမှ (၂၅၈)ဦး၊ ကျီးဖြူရိုး ၊ ဆင်သေ၊ ဈေးကုန်း၊ နှမ်းတော၊ သစ်ဆိမ့်ပင်၊ ဇီးဖြူပင်၊ နတ်သူရဲနှင့် ပေါစံခေါရွာတို့မှ (၄၄၇)ဦး၊ လယ်ဝေး၊ ဟေမာန်ကျေးရွာနှင့် သစ်စိမ်း ကျေးရွာတို့မှ (၁၅၀)ဦး၊ ကွမ်းခြံကျေးရွာမှ (၇၀)ဦး၊ စုစုပေါင်း နေရာ(၃၀)တို့မှ ရေဘေးသင့်ပြည်သူ (၃၆၀၂) ဦးတို့အား ရေဘေးလွတ်ရာနေရာများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်းနှင့် သေဆုံးသူ အမျိုးသား (၆)ဦး၊ အမျိုးသမီး (၁၃)ဦး၊ စုစုပေါင်း(၁၉)ဦး သေဆုံးကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post