• Follow Us on
Latest News

Home နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆)ခုတွင် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေ

နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆)ခုတွင် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

 

နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆)ခုတွင် တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ၂ဝ၂၄-၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးနေကြောင်း သိရသည်။

 

အဆိုပါ စစ်ပညာသင်တန်းဖွင့်ပွဲများကို ဖေဖော်ဝါရီ ၁၀ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပပြုလုပ်ကြကြောင်း သိရသည်။

 

အဆိုပါ သင်တန်းများတွင် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့တွင် ပါဝင်ရန် ကိုယ်တိုင်ဆန္ဒပြုထားသည့် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ခြင်းဖြစ်ကြောင်း သိရသည်။

 

တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာသင်တန်းများ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူ ရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်း ပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ယင်းသို့ သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖွင့်လှစ်လိုက်သည့် သင်တန်းများသည် ပထမနှစ် အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ် အခြေခံစစ်ပညာ သင်တန်း၊ ပထမနှစ် တန်းမြင့်စစ်ပညာသင်တန်းနှင့် ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်းများဖြစ်ပြီး သာမန်သင်တန်းချိန်နှင့် စခန်းချလေ့ကျင့်ချိန် အလိုက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post