နေပြည်တော်၊ အေလာမြို့အနီး၌ မပေါက်ကွဲသေးသည့် ရှော့တိုက်ဒုန်းများနှင့် ပေါက်ကွဲပြီး ရှော့တိုက်ဒုန်း အခွံများ တွေ့ရှိ
PUBLISHED - April 11, 2024
နေပြည်တော်၊ ဧပြီ ၁၁
နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာမြို့အနီး၌ မပေါက်ကွဲသေးသည့် ရှော့တိုက်ဒုံး (၃) လုံးနှင့် ပေါက်ကွဲပြီး ရှော့တိုက်ဒုန်းအခွံ (၄) လုံးတို့ကို တွေ့ရှိခဲ့သည်။
ယနေ့ ဧပြီလ (၁၁)ရက် နံနက် (၅) နာရီ (၁၀) မိနစ်ခန့်က အေလာကျေးရွာအုပ်စု၊ ရေလယ်ကွေ့ကျေးရွာ၏ အရှေ့ဘက်တွင် ပေါက်ကွဲသံများ ကြားရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့စစ်ဆေးရာတွင် အေလာကျေးရွာအုပ်စု၊ ရေလယ်ကွေ့ကျေးရွာနှင့် ကမ္ဘာ့ရှမ်းရွာကျေးရွာအကြားရှိ ထန်းတောအနီးမှ ဦးဝင်းရွှေ၏ တောင်ယာတဲအနီးတွင် အမျိုးအစားစိစစ်ဆဲ PVC ပိုက်ဖြင့်ပြုလုပ်ထားသော ဆိုင်ကယ်ဘတ္ထရီအိုးပါ ရှော့တိုက်ဒုံး (၃) လုံးအား နံနက် (၆) နာရီ (၄၅) မိနစ်အချိန်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် အဆိုပါ ရှော့တိုက်ဒုန်းများအနီးတွင် ပေါက်ကွဲပြီး ရှော့တိုက်ဒုန်းအခွံ (၄) လုံးကိုလည်း ထပ်မံတွေ့ရှိခဲ့ရသည်။
#PeopleMedia