• Follow Us on
Latest News

Home နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ် သေဆုံးနေသည့် အမျိုးသမီး ရုပ်အလောင်းတွေ့ရှိ

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ် သေဆုံးနေသည့် အမျိုးသမီး ရုပ်အလောင်းတွေ့ရှိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ် သေဆုံးနေသည့် အမျိုးသမီး ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရုပ်အလောင်းကို ဒီဇင်ဘာလ (၂၆) ရက် နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ ရာဇသင်္ဃဟ လမ်းနှင့် ပိတောက်လမ်းဆုံအနီးမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့ ညပိုင်းက လာရောက် စွန့်ပစ်ခဲ့ ကြောင်း တွေ့ရှိခဲ့သူများက ယူဆနေကြသည်။

 

လက်ရှိအချိန်တွင် အဆိုပါ အမျိုးသမီး၏ ရုပ်အလောင်းအား နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ခုတင် – ၃၀၀ ဆေးရုံကြီး၏ ရေခဲတိုက်(ရင်ခွဲရုံ)သို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

#PeopleMedia


Share this post