• Follow Us on
Latest News

Home နေပြည်တော် ဗဟိုဘဏ်အနီးတွင် စည်ပင်သန့်ရှင်းရေးဝန်ထမ်းများ လိုက်ပါလာသည့်ယာဉ် တိမ်းမှောက်ပြီး အမျိုးသမီး (၁၀) ဦး ဒဏ်ရာရရှိ

နေပြည်တော် ဗဟိုဘဏ်အနီးတွင် စည်ပင်သန့်ရှင်းရေးဝန်ထမ်းများ လိုက်ပါလာသည့်ယာဉ် တိမ်းမှောက်ပြီး အမျိုးသမီး (၁၀) ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၂

 

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ဗဟိုဘဏ်အနီးတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ သန့်ရှင်းရေးဝန်ထမ်းများ လိုက်ပါလာသည့်ယာဉ် တိမ်းမှောက်ပြီး အမျိုးသမီး (၁၀)ဦး ဒဏ်ရာရရှိကာ (၃)ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

 

ဇူလိုင်လ (၁)ရက် ညနေခင်းအချိန်က စည်ပင်သန့်ရှင်းရေး အမျိုးသမီးဝန်ထမ်းများ လိုက်ပါလာသည့်ယာဉ် သည် အရှိန်လွန်ပြီး တိမ်းမှောက်ကာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီး (၁၀)ဦး ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဒဏ်ရာရရှိသူများအနက် (၃)ဦးမှာ ဒဏ်ရာပြင်းထန်ပြီး (၇)ဦးက ဒဏ်ရာအနည်းငယ်သာ ရရှိ ကြောင်းနှင့် အခင်းဖြစ်ပွါးသည့်နေရာတွင် ယာဉ်မောင်းဖြစ်သူကို မတွေ့ရှိကြောင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ယာဉ်တိမ်းမှောက်သည့်နေရာသို့ မိုးစေတနာပရဟိတအသင်း(ပျဉ်းမနား)မှ လူနာတင်ယာဉ် (၂)စီး၊ လူငယ်တွဲလက်များ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ် (၁) စီးတို့ဖြင့် ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးနေကြောင်း သိရသည်။

 

#PeopleMedia


Share this post