နေအိမ်ရှေ့တွင်ထိုင်နေသည့် ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

PUBLISHED - August 28, 2023
နေပြည်တော်၊ သြဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ဈေးဟောင်းကျေးရွာတွင် နေထိုင်သည့် ရာအိမ်မှူးတစ်ဦး ၎င်း၏နေအိမ်ရှေ့တွင် ထိုင်နေစဉ် သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
သြဂုတ်လ ၂၆ ရက် မွန်းလွဲ ၂:၃၀ အချိန်တွင် ပြည့်ပုံကျေးရွာမှ ခြေကျင်ဖြင့် PDF ၃ ဦးမှ ဈေးဟောင်းကျေးရွာရှိ ရာအိမ်မှူးအိမ်သို့ ရောက်ရှိလာပြီး ထိုရာအိမ်မှူးမှာ နေအိမ်ရှေ့တွင် တစ်ဦးထဲထိုင်နေစဉ် PDF ၃ ဦးမှ ၎င်းကို သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။
ထိုပစ်ခတ်ခံရသည့် ဦးဘိုဌေးမှာ အသက်(၆၄) နှစ်ရှိပြီး သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်း၏ ဘယ်ဘက်ချိုစောင်းကျည်ဖောက်ဝင်/ ညာဘက်နားထင် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်ရင်အုံ ကျည်ဖောက်ဝင် / နောက်ကျောကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်လက်မောင်းကျည်ဖောက်ဝင်/ ဖောက်ထွက်ဒဏ်ရာ ၁ ချက် ထိုပစ်ခတ်ခံရသည့် ကျည်မှာ LUKA တံဆိပ်ပါ ကျည်ခွံ ၆ ခုတို့ကို သိမ်းဆည်းရရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia