နောင်ချိုနှင့် မြစ်ကြီးနားတို့တွင် ငွေကျပ် ၁၃၁၄.၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
PUBLISHED - August 14, 2023
နေပြည်တော်၊ သြဂုတ် ၁၄
နောင်ချိုမြို့နှင့် မြစ်ကြီးနားမြို့တို့တွင် ငွေကျပ် ၁၃၁၄.၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
သြဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နောင်ချို မြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မူဆယ်မြို့ဘက်မှ မန္တ လေးမြို့ဘက်သို့ စောဒယ်နီယယ် မောင်းနှင်ပြီး စောသက်ဦး(ခ)မောင်ဦး လိုက်ပါလာသည့် TOYOTA BB အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူအလေးချိန် ၃.၁၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၇၇ သိန်း)၊ အိုက်စ်(မက်သ်အဖက် တမင်း) အလေးချိန် ၃.၆၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၄၇.၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေး ပြား ၅၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၅၀) နှင့် လက်ကိုင်ဖုန်း ၂ လုံတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၁၀နာရီ ၄၀ အချိန် အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ လဖိုင်ဇော်လတ် နှင့် အားလုံ(ခ)ဇော်အားလုံ(ခ)ဟိုက်ကျန်း တို့အား မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ဟိုတယ် ကားပါကင်တွင် PRADO အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၁၂၀၀ အချိန် အားလုံ(ခ)ဇော်အားလုံ(ခ)ဟိုက်ကျန်း နေထိုင်သည့် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်၊ နယ်မြေ(၁၃)ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၄၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စောဒယ်နီယယ် (၄၇)နှစ်၊ စောသက်ဦး(ခ)မောင်ဦး (၄၃) နှစ်၊ လဖိုင်ဇော်လတ် (၂၉) နှစ်နှင့် အားလုံ(ခ)ဇော်အားလုံ(ခ) ဟိုက်ကျန်း (၂၉)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia