နောင်ချိုမြို့တွင် စစ်မှုထမ်းဟောင်း နေအိမ်များ အပါအဝင် အစိုးရဝန်ထမ်းများ၏ နေအိမ်များကိုပါ TNLA က ချိတ်ပိတ်နေ
PUBLISHED - July 9, 2024
နေပြည်တော်၊ ဇူလိုင် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့တွင် စစ်မှုထမ်းဟောင်းနေအိမ်များ၊ နိုင်ငံ့ဝန်ထမ်းများ၏ နေအိမ်များ၊ ကြံ့ခိုင်ရေးပါတီ ရုံးအဆောက်အဦးများ၊ ကြံ့ခိုင်ရေးပါတီဝင်များ၏ နေအိမ်များ၊ တပ်မတော်ထုတ်ကုန်များ ရောင်းချသည့် နေအိမ်များကို TNLA အဖွဲ့ဝင်များမှ ချိတ်ပိတ်နေကြောင်း သိရသည်။
TNLA အဖွဲ့ဝင်များ အနေဖြင့် အဆိုပါ နေအိမ်များကို ဖောက်ကာ နေအိမ်အတွင်းရှိ ပရိဘောဂ ပစ္စည်းများနှင့် အဖိုးတန် ပစ္စည်းများအပြင် ကားနှင့် ဆိုင်ကယ်များကိုလည်း ယူဆောင်နေကြောင်း ဒေသခံတစ်ဦး၏ ပြောပြ ချက်အရ သိရသည်။
ယင်းအပြင် TNLA အဖွဲ့ဝင်များသည် နောင်ချိုမြို့အတွင်းရှိ ဝန်ထမ်းများတွင် CDM မလုပ်သူများနှင့် CDM လုပ်ထားသူများကိုပါ လိုက်လံဖမ်းဆီးနေပြီး ၎င်းတို့၏ မိသားစုဝင်များကို ငွေကြေးများဖြင့် ပြန်လည်ရွေး ခိုင်းနေကြောင်း သိရသည်။
#PeopleMedia