နောင်ချိုမြို့တွင် ဆိုင်ကယ်ပေါ်မှ စိတ်ပြောင်းဆေးဝါး အလေးချိန် ၁.၂ ကီလို ဖမ်းဆီးရမိ
PUBLISHED - October 19, 2023
နေပြည်တော်၊ အောက်တိုဘာ ၁၉
နောင်ချိုမြို့တွင် မော်တော်ဆိုင်ကယ်ပေါ်မှ စိတ်ပြောင်းဆေးဝါး အလေးချိန် ၁.၂ ကီလိုအား ဖမ်းဆီးရမိခဲ့ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
အောက်တိုဘာလ ၁၇ ရက်နေ့ ည ၈ နာရီအချိန် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီး မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် လားရှိုးဘက်မှ မန္တလေးဘက်သို့ ခိုင်ခန့် သူအောင် မောင်းနှင်ပြီး ကောင်းမြင့်ခန့် နှင့် မစုမြတ်ဝတီ တို့ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ် တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် ၎င်းတို့သယ်ဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ စိတ်ပြောင်း ဆေးဝါး(Happy Water)အလေးချိန် ၁.၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၀၀)နှင့် လက်ကိုင်ဖုန်း ၃ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ခိုင်ခန့်သူအောင်(၂၁)နှစ်၊ ကောင်းမြင့်ခန့်(၂၁)နှစ် နှင့် မစုမြတ်ဝတီ(၂၃)နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia