• Follow Us on

Home နောင်ချိုမြို့တွင် မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲထိုးကျရာ (၂) ဦးသေ၊ (၄) ဦး ဒဏ်ရာရ

နောင်ချိုမြို့တွင် မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲထိုးကျရာ (၂) ဦးသေ၊ (၄) ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့၊ နောင်ချို-ရပ်စောက်လမ်းမကြီး၊ ဒုဌဝတီအဆင်းလမ်း၊ (၄) ထပ်ကွေ့တွင် မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲထိုးကျရာ (၂) ဦးသေ၊ (၄) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ခရီးသည်များတင်ဆောင်လာသည့် Toyota Wish ခရီး သည်တင်မော်တော်ယာဉ်မှာ ဘရိတ်ပေါက်၍ ချောက်ထိုးသောကြောင့် ဖြစ်စဉ်နေရာသို့ ဒေသခံလူမှုကူညီရေး သင်းမှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

 

ထိုယာဉ်တိန်းမှောက်မူကြောင့် အခင်းနေရာတွင် သေဆုံးသွားသည့် အသက် (၄၀) ကျော်အရွယ်အမျိုးသမီး၊ ဒဏ်ရာပြင်းထန်ရရှိသည့် (၄) ဦးအနက် အမျိုးသား (၁) ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ်အတွင်း ထပ်မံသေဆုံး သွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post