• Follow Us on
Latest News

Home နောင်ချိုမြို့တွင် SOUEAST ယာဉ်ပေါ်မှ ကျပ်သိန်း ၂၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နောင်ချိုမြို့တွင် SOUEAST ယာဉ်ပေါ်မှ ကျပ်သိန်း ၂၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇွန် ၂၅

 

ရှမ်းပြည်နယ် နောင်ချိုမြို့တွင် SOUEAST ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၂၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၃နာရီ ၁၅ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ နောင်ချိုမြို့ဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် လားရှိုးမြို့ ဘက်မှ နောင်ချိုမြို့ဘက်သို့ စိုင်းထွန်းလှ(ခ)ထွန်းလှ မောင်းနှင်ပြီး စောမိုးကျော်သူ လိုက်ပါလာသည့် SOUEAST အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင် လာသော စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၅၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ကွင်းဆက်ဖော်ထုတ်ချက်အရ ဇွန်လ ၂၂ ရက်နေ့ ၁၃၄၀ အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ် ဆောင်ခိုင်းသူ စိုင်းမိုးမြင့်သူ အား ကျိုက်မရောမြို့နယ်၊ ဇာသပြင်တံတားအနီးတွင် SOUEAST အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ မြန်မာငွေကျပ် ၅.၄ သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စိုင်းထွန်းလှ(ခ)ထွန်းလှ(၃၄)နှစ်၊ စောမိုးကျော်သူ(၅၁)နှစ် နှင့် စိုင်းမိုးမြင့်သူ(၄၃)နှစ်တို့အား နောင်ချိုမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူ ထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post