နောင်ချိုမြို့နယ်တွင် သံပီပါများအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide ၁၃၅၀၀ ကီလို ဖမ်းဆီးရမိ

PUBLISHED - August 1, 2024
နေပြည်တော်၊ ဩဂုတ် ၁
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် သံပီပါများအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide ၁၃၅၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့နယ်၊ ကျောင်းကုန်းကျေးရွာအနီးရှိ ယန်ဆန်၏ နေအိမ်ခြံဝင်းအား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ယန်အင်ချီအား တွေ့ရှိပြီး ခြံဝင်းအတွင်း မြေကျင်းတူး၍ မြှုပ်နှံထားသည့် သံပီပါများအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide ၁၃၅၀၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၈၁၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ ယန်ဆန် (၃၉)နှစ်နှင့် ယန်အင်ချီ (၄၁)နှစ်တို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia