• Follow Us on

Home နောင်ချိုမြို့နယ်တွင် Dongfeng Truck မော်တော်ယာဉ်ပေါ်မှ ကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နောင်ချိုမြို့နယ်တွင် Dongfeng Truck မော်တော်ယာဉ်ပေါ်မှ ကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ မေ ၂၈

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် Dongfeng Truck မော်တော်ယာဉ်ပေါ်မှ ငွေကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၉ ရက်နေ့ ည ၁၀ နာရီအချိန် ရပ်စောက်- နောင်ချိုသွား ကားလမ်း၊ မကျည်းရေကျေးရွာအနီးတွင် ရပ်စောက်ဘက်မှ နောင်ချိုဘက်သို့ စိုင်းဖောင်း မောင်းနှင်ပြီး မင်းပိုင်ထူး လိုက်ပါလာသည့် Dongfeng Truck မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဖွဲအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၇၅ ဘီလီယံ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၂၃ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၆၅ သန်းနှင့် ဘိန်းဆီခဲ ၅၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများသယ်ဆောင်လာသည့်ယာဉ်နှင့် ရှေ့နောက်လိုက်ပါ၍ မူးယစ်ဆေးဝါးများ သယ် ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် မျိုးမင်းထွန်း နှင့် ကျော်သက်ဦး တို့အား NISSAN AD VAN မော်တော် ယာဉ်နှင့်လည်းကောင်း၊ အေးကျော်(ခ)ကျော်နိုင် နှင့် ဟိန်းထက်အောင် တို့အား TOYOTA PROBOX မော် တော်ယာဉ်နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်း ဒေသကြီးသို့ တာဝန်ခံသယ်ဆောင်သူ ကိုပြည့်(ခ)ပြည့်ဖြိုးသူ(ခ)မင်းမြတ်နိုင် နှင့် မထွယ်ဆန်အိန်တို့အား မေလ ၂၂ ရက်နေ့ ည ၇ နာရီခွဲအချိန် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၈ စီလမ်း၊ ၅၄ x ၅၅ လမ်း ကြားတွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post