• Follow Us on
Latest News

Home နောင်ချိုမြို့နယ်တွင် FUSO ၁၂ ဘီးပေါ်မှ ကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်ကီလို ၂၀၀၀(၂ တန်) ဖမ်းဆီးရမိ

နောင်ချိုမြို့နယ်တွင် FUSO ၁၂ ဘီးပေါ်မှ ကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်ကီလို ၂၀၀၀(၂ တန်) ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် FUSO ၁၂ ဘီးပေါ်မှ ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ကီလို ၂၀၀၀(၂ တန်) ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၇ ရက် နံနက် ၇ နာရီခွဲတွင် နောင်ချိုမြို့နယ်၊ မကျီးရေ ကျေးရွာအနီးတွင် ရပ်စောက်မှ နောင်ချိုသို့ နိုင်ဦး မောင်းနှင်ပြီး ချစ်ကောင်း လိုက်ပါ လာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် စက္ကူဂျပ် ဖာများနှင့် ဘီယာဖာများ၏အောက်၌ ဖုံး အုပ်သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန် ဖိုးငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက် တမင်း) ကီလို ၂,၀၀၀(၂ တန်) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့မွန်းလွဲ ၁ နာရီတွင် သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း)များ သယ်ဆောင်ခိုင်းသူ ဇော်မျိုးလင်း(ခ)ကိုလင်းအား ရပ်စောက်တိုး ဂိတ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို ရှမ်းပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ သယ် ဆောင်ကာ ထိုမှတစ်ဆင့် ပင်လယ်ရေကြောင်း ဖြင့် ပြည်ပသို့သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post