နောင်ချိုမြို့နယ်၊ ယာပြင်ရွာနဲ့ သရက်ချိုကျေးရွာ၌ အထိုင်ချထားသည့် စစ်သွေးကြွများသည် တောင်ခမ်းရွာရှိ အမြောက်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်
PUBLISHED - August 12, 2024
မန္တလေး၊ သြဂုတ် ၁၂
ရှမ်းမြောက်ဒေသ၊ နောင်ချိုမြို့၊ ရှမ်းတောင်နဲ့ ရှမ်းမြောက်ကို ဆက်သွယ်ထားသည့် လမ်းပိုင်း၌ တည်ရှိသော တောင်ခမ်း မြောက်တပ်ကို စစ်သွေးကြွများသည် ယာပြင်ရွာနဲ့ သရက်ချိုကျေးရွာ၌ အထိုင်ချ၍ ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
အဆိုပါ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက “သြဂုတ်လ ၁၀ ရက်နေ့ကနေ စတိုက်နေတာ ဒီကနေ့ ယာပြင်ရွာနဲ့ သရက်ချိုရွာမှ အထိုင်ချပြီး ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ် နေတယ်။ ဒီရွာ နှစ်ရွာကို ရှင်းနိုင်မှ အဆင်ပြေမယ်” လို့ ပြောဆိုသည်။
နောင်ချိုမြို့ရှိ တပ်စခန်းများ ကျဆုံးပြီးနောက် တောင်ခမ်းအမြောက်တပ်ကို စစ်သွေးကြွများက အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်လျက်ရှိနေသည်။ တောင်ခမ်းအမြောက်တပ်သည် ရှမ်းတောင်နဲ့ ရှမ်းမြောက် ဆက်သွယ်ရေးလမ်းမပေါ်၌ တည်ရှိသော အရေးကြီးသည့် တပ်စခန်းဖြစ်သည်။
#PeopleMedia