နောင်ချိုမြို့၊ တောင်ခမ်းရွာအနီးရှိ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (၉၀၂) ကို တိုက်ရန် စစ်သွေးကြွများ ယနေ့ ယာပြင်ရွာ၌ နေရာယူထား
PUBLISHED - August 9, 2024
မန္တလေး၊ သြဂုတ် ၉
ယနေ့ (သြဂုတ်-၉) နံနက်ပိုင်းမှ စတင်ပြီး ရှမ်းမြောက်ဒေသ၊ နောင်ချိုမြို့၊ တောင်ခမ်းရွာအနီးရှိ အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ် (၉၀၂) ကို တိုက်ရန် စစ်သွေးကြွများ ယနေ့ ယာပြင်ရွာ၌ နေရာယူထားသည်။
“ခန့်မှန်းအင်အား ၇၀၀၊ ၈၀၀ ရှိမယ်။ ဦးတည်နေတာက တောင်ခမ်းရွာအနီးက အမြှောက်ဌာနချုပ်ကို။ နောက်ပြီး အဲ့ဒီကို စစ်ကူသွားမည့် တပ်ကို ဖြတ်တောက်ဖို့ဆိုရင် ယာပြင်လမ်းခွဲကို ထိန်းချုပ်နိုင်ဖို့ပါ။ ယာပြင်လမ်းခွဲကို မြောက်ပိုင်းအဖွဲ့က ထိန်းချုပ်ပြီး စစ်ကူမသွားနိုင်အောင်လုပ်မယ်။ ပြီးရင် ကျန်တဲ့အင်အားနဲ့ အမြောက်တပ်ကို သွားတိုက်ဖို့ပါ” လို့ အဆိုပါ အခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။
အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (၉၀၂) သည် နောင်ချိုမြို့၏ တစ်ခုတည်း ကျန်ရှိသော တပ်စခန်းဖြစ်ပြီး အဆိုပါ စခန်း ရရှိရန် စစ်သွေးကြွများက အင်အားထပ်မံ ဖြည့်တင်းပြီး တိုက်ခိုက်ရန် ဆောင်ရွက်လာမှု ဖြစ်သည်။
#PeopleMedia