• Follow Us on
Latest News

Home နော်ဝေကြည်းတပ်က အမေရိကန် ဘဲရက်ကုမ္ပဏီထုတ် M107A1 စနိုက်ပါရိုင်ဖယ်တွေ ဝယ်ယူမည်

နော်ဝေကြည်းတပ်က အမေရိကန် ဘဲရက်ကုမ္ပဏီထုတ် M107A1 စနိုက်ပါရိုင်ဖယ်တွေ ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၀

 

နော်ဝေကြည်းတပ်ဟာ ၎င်းတို့စနိုက်ပါလက်နက်တိုက်ကို အမေရိကန် လက်နက်ထုတ်လုပ်ရေး ဘဲရက်ကုမ္ပဏီ (Barrett) ထုတ် M107A1 စနိုက်ပါရိုင်ဖယ်တွေ ဝယ်ယူဖြည့်တင်းတော့မှာ ဖြစ်ပါတယ်။

 

ခေတ်သစ်စစ်ပွဲရဲ့ မြင့်တင်လာတဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် ဒီဇိုင်းရေးဆွဲတည်ဆောက် ထားတဲ့ M107A1 စနိုက်ပါရိုင်ဖယ်ဟာ မီတာ ၂၀၀၀ (၆၅၆၄ ပေ/ ၂၁၈၇.၃၃ ကိုက်) အကွာအဝေးက ပစ်မှတ် ကို တိတိကျကျ ပစ်ခတ်နိုင်သလို အမြန်ပစ်ခတ်နိုင်စွမ်းရှိပါတယ်။

 

လျှို့ဝှက်စစ်ဆင်ရေးတွေမှာ အသုံးပြုနိုင်အောင်လို့ M107A1 စနိုက်ပါရိုင်ဖယ်မှာ တပ်ဆင်ထားတဲ့မီးကာက သေနတ်ပြောင်းထွက်မီးပွင့်ကိုလျှော့ချထိန်းချုပ်ပေးထားနိုင်စွမ်းရှိတယ်လို့လည်း ဆိုပါတယ်။

 

အဝေးကရန်သူကို ပစ်ခတ်နိုင်ဖို့အတွက် နောက်ဆုံးပေါ် ခေတ်မီလက်နက်စနစ်ကို နော်ဝေတပ်မတော်ကို တပ် ဆင်ပေးဖို့အတွက် အခုသဘောတူစာချုပ်က အထောက်အကူပြုသွားမှာဖြစ်ကြောင်း ဘဲရက်ကုမ္ပဏီရဲ့အမှု ဆောင်အရာရှိချုပ် ဘရိုင်ယန်ဂျိမ်းစ်က ပြောပါတယ်။

 

“တိကျမှု၊ အားထားရလောက်မှု၊ တီထွင်ဖန်တီးမှုတွေကို ကိုယ်စားပြုတဲ့ ရိုင်ဖယ်တစ်လက်ဖြစ်တဲ့ M107A1 စနိုက်ပါရိုင်ဖယ်ကို ထောက်ပံ့ပေးခြင်းအားဖြင့် နော်ဝေတပ်မတော်နဲ့ မိ်တ်ဖက်အဖွဲ့အစည်းအဖြစ် ဆက်လက် ဆောင်ရွက်ရတာကို ကျွန်တော်တို့ ဂုဏ်ယူပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

M107A1 စနိုက်ပါရိုင်ဖယ်ဟာ နော်ဝေတပ်မတော်မှာ လက်ရှိအသုံးပြုနေတဲ့ ဘဲရက်ကုမ္ပဏီထုတ် သက်တမ်း ရင့် 82A1 စနိုက်ပါရိုင်ဖယ်တွေကို အစားထိုးသွားမှာဖြစ်ပါတယ်။

 

သက်တမ်းရင့်စနိုက်ပါတွေကို အခုလို နောက်ဆုံးပေါ် ခေတ်မီစနိုက်ပါတွေနဲ့ အစားထိုးဖို့ နော်ဝေအစိုးရရဲ့ ဆုံး ဖြတ်ချက်ဟာ နော်ဝေတပ်မတော်နဲ့ ကာကွယ်ရေးလက်နက်တွေကို အဆင့်မြှင့်တင်ဖို့ နော်ဝေအစိုးရရဲ့ ကျယ် ပြန့်တဲ့ကြိုးပမ်းမှုထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

 

အလေးချိန် ၂၈.၇ ပေါင် (၁၃ ကီလိုဂရမ်) ရှိတဲ့ M107A1 စနိုက်ပါရိုင်ဖယ်ဟာ အလေးချိန် ၃၂.၇ ပေါင် (၁၄.၈ ကီလိုဂရမ်) ရှိတဲ့ 82A1 စနိုက်ပါရိုင်ဖယ်ထက် ပိုမိုပေါ့ပါးတဲ့ သေနတ်ဖြစ်ပါတယ်။

 

82A1 စနိုက်ပါရိုင်ဖယ်က မီတာ ၁၈၀၀ (၅၉၀၅ ပေ/ ၁၉၆၈.၃၃၃ ကိုက်) အထိ ပစ်ခတ်နိုင်ပြီး M107A1 စနိုက်ပါရိုင်ဖယ်က မီတာ ၂၀၀၀ (၆၅၆၄ ပေ/ ၂၁၈၇.၃၃ ကိုက်) အထိ ပစ်ခတ်နိုင်တဲ့အတွက် M107A1 က အကွာအဝေး ပိုမိုပစ်ခတ်နိုင်ပါတယ်။

 

“M107A1 စနိုက်ပါရိုင်ဖယ်ဟာ အကွာအဝေးအများကြီးပစ်ခတ်နိုင်တဲ့အပြင် တန်ဖိုးရှိတဲ့ ရန်သူ့ပစ်မှတ်တွေကို လည်း ဖျက်ဆီးနိုင်တဲ့အတွက် နော်ဝေတပ်မတော်ရဲ့ တိုက်ပွဲဝင်စွမ်းရည်ကို သိသိသာသာ မြှင့်တင်ပေးသွားမှာ ဖြစ်သလို စစ်မြေပြင်မှာ နည်းဗျူဟာအားသာချက်ကိုလည်း ရယူသွားနိုင်မှာဖြစ်ပါတယ်။” လို့ ဘဲရက်ကုမ္ပဏီက ပြောပါတယ်။

 

ကန်ထရိုက်စာချုပ်ရဲ့ စုစုပေါင်းတန်ဖိုးနဲ့ လက်နက်စနစ်ပို့ဆောင်ပေးမယ့် အချိန်အတိအကျကိုတော့ ဘဲရက် ကုမ္ပဏီက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

 

Ref: Norway Selects Barrett M107A1 Rifles to Boost Sniper Arsenal

 

#PeopleMedia


Share this post