နေ့ကလေးထိန်းဌာနနဲ့ wakeboarding လုပ်ငန်း တရားမဝင်ဆောင်ရွက်နေတဲ့ နိုင်ငံခြားသားတွေကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး
PUBLISHED - May 16, 2024
နိုင်ငံတကာ၊ မေ ၁၆
ထိုင်းနိုင်ငံ ကော့ဖငန်းကျွန်းပေါ်မှာ တရားမဝင်နေ့ကလေးထိန်းဌာနတစ်ခု ဖွင့်လှစ်ထားတဲ့အတွက် နိုင်ငံခြား သားတချို့ကို ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်နေ့) က ဖမ်းဆီးခဲ့ပါတယ်။
နိုင်ငံခြားသားကလေးငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့အတွက် လက်ခံနေစဉ်အတွင်းမှာ အသက် ၂၆ နှစ်အရွယ် ရုရှားနိုင်ငံသားအမျိုးသမီးတစ်ဦးနဲ့ အသက် ၁၈ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးတို့ကို အိမ်တစ်အိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့က ပြောပါတယ်။
ရုရှားအမျိုးသမီးက ၎င်းအနေနဲ့ ကလေးထိန်းစင်တာမှာအလုပ်လုပ်နေတာ သုံးလကြာပြီဖြစ်ပြီး ထိုင်းနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသွားဗီဇာနဲ့ နေထိုင်နေတာဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုပါတယ်။
မြန်မာအမျိုးသမီးကတော့ အဲဒီနေရာမှာ အကူအဖြစ် အလုပ်လုပ်နေတာ တစ်နှစ်ကျော်ကြာပြီဖြစ်ကြောင်း ရဲ တပ်ဖွဲ့ကို ပြောပါတယ်။
ရုရှားနဲ့ မြန်မာ အမျိုးသမီးနှစ်ဦးစလုံးက ၎င်းတို့ကို ဘယ်လာရုစ်အမျိုးသမီးတစ်ဦးက အလုပ်ခန့်ထားခဲ့တာဖြစ် ကြောင်းပြောဆိုပြီး လက်ရှိအချိန်မှာ အဲဒီဘယ်လာရုစ်အမျိုးသမီးကို ရဲတပ်ဖွဲ့က ခြေရာခံရှာဖွေနေပါတယ်။
ရဲတပ်ဖွဲ့ဟာ တောင်ပိုင်းကမ္ဘာလှည့်ခရီးသွားကျွန်းပေါ်မှာတည်ရှိပြီး wakeboarding services (မော်တော် နောက်ကို ကြိုးဆွဲလိုက်ပြီး ရေလွှာလျှောစီးတဲ့အားကစား) လုပ်နေတဲ့ Back & Forth Wake Park လုပ်ငန်း ပိုင်ရှင် ရုရှားအမျိုးသားတစ်ဦးကိုလည်း ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ကမ္ဘာလှည့်ခရီးသွားဗီဇာနဲ့ နေထိုင်နေတဲ့ အဲဒီရုရှားအမျိုးသားကလည်း ယူကရိန်းအမျိုးသားတစ်ဦးနဲ့ မော်ဒိုဗန် အမျိုးသားတစ်ဦးကို လုပ်ငန်းအတွင်း အနားယူခန်းတွေ ဆောက်လုပ်ဖို့ ငှားရမ်းထားတာတွေ့ရပါတယ်။
အလုပ်ငှားရမ်းထားသူနဲ့ မိမိလုပ်ငန်းခွင်ကို သတင်းပို့ဖို့ ပျက်ကွက်တဲ့အတွက် တရားစွဲဆိုခံထားရတဲ့ မြန်မာ အမျိုးသမီးကလွဲလို့ တခြားနိုင်ငံခြားသားလေးဦးကို တရားမဝင်အလုပ်လုပ်ပိုင်မှုနဲ့ စွဲချက်တင်ထားကြောင်း သိရပါတယ်။
Ref: Foreigners arrested for illegally running daycare, wakeboarding centre
#PeopleMedia