နျူကလီးယားစစ်ပွဲတစ်ပွဲဖြစ်လာနိုင်ကြောင်း အနောက်အုပ်စုကို ပူတင်သတိပေး
PUBLISHED - March 1, 2024
နိုင်ငံတကာ၊ မတ် ၁
အနောက်အုပ်စုက ယူကရိန်းစစ်ပွဲ ပိုမိုတင်းမာလာအောင် အရှိန်မြင့်တင်လိုက်မယ်ဆိုရင် နျူကလီးယား စစ်ပွဲ တစ်ပွဲ အမှန်တကယ်ဖြစ်ပွားလာနိုင်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ကြာသပတေးနေ့ (ဖေဖော်ဝါရီလ ၂၉ ရက်နေ့) က သတိပေးပြောကြားလိုက်ပါတယ်။
အနောက်နိုင်ငံတွေက ယူကရိန်းစစ်ပွဲထဲကို ၎င်းတို့တပ်တွေ စေလွှတ်လိုက်မယ်ဆိုရင် နျူကလီးယားစစ်ပွဲတစ်ခု ဖြစ်ပွားလာအောင် တွန်းပို့နေတာဖြစ်ပြီး ရုရှားနိုင်ငံအနေနဲ့ အနောက်အုပ်စုက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့လက် နက်တွေအသင့်ရှိနေကြောင်း သမ္မတပူတင်က ပြောပါတယ်။
၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်အရေးအခင်းပြီးကတည်းက အခုအချိန်အထိ ယူကရိန်းစစ်ပွဲဟာ ရုရှားနို်င်ငံနဲ့ အ နောက်အုပ်စုကြား ဆက်ဆံရေးအဆိုးရွားဆုံးဖြစ်ပေါ်စေတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။
နေတိုးအဖွဲ့နဲ့ ရုရှားနိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားလာနိုင်တဲ့ အန္တရာယ်ကို ပူတင်က အရင်ကတည်းက ပြောကြားခဲ့ပေမဲ့ ကြာသပတေးနေ့က ပြောကြားလိုက်တဲ့ နျူကီးယားစစ်ပွဲသတိပေးချက်ကတော့ ၎င်းရဲ့အပြင်း ထန်ဆုံးသတိပေးချက်တွေထဲက တစ်ခုဖြစ်ပါတယ်။
အနောက်နိုင်ငံတွေဟာ ရုရှားနိုင်ငံကို အားနည်းလာအောင်လုပ်ဖို့ ဆုံးဖြတ်ထားကြောင်း၊ ရုရှားနိုင်ငံရဲ့ ပြည်တွင်း ရေးမှာဝင်ရောက်စွက်ဖက်တာဟာ ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ အနောက်နိုင်ငံခေါင်းဆောင်တွေ နားမလည်ကြောင်း အသက် ၇၁ နှစ်အရွယ်ပူတင်က လွှတ်တော်အမတ်တွေနဲ့ အစိုးရထိပ်တန်းအဖွဲ့ဝင်တွေကို ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့က ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ပြောဆိုခဲ့တဲ့စကားကို အထူးရည်ညွှန်းပြီး အခုလို နျူကလီး ယားစစ်ပွဲ သတိပေးစကားကို ပူတင်က ပြောကြားလိုက်တာဖြစ်ပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ နေတိုးအဖွဲ့ဝင်နို်င်ငံတွေက တပ်ဖွဲ့ဝင်တွေကို ယူကရိန်းနိုင်ငံကို စေလွှတ်နိုင် ဖွယ်ရှိတယ်လို့ ပြင်သစ်သမ္မတမက်ခရွန်က တနင်္လာနေ့က ပြောကြားလိုက်ပြီးနောက် အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေက အဲဒီစကားကို ချက်ချင်းပယ်ချခဲ့ပါတယ်။
“အနောက်နိုင်ငံတွေ သဘောပေါက်ထားရမယ့်ကိစ္စက သူတို့နိုင်ငံတွေကပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ လက်နက်တွေ ကျွန်တော်တို့ဆီမှာ ရှိနေတယ်ဆိုတာပါပဲ။ ခြိမ်းခြောက်မှုအားလုံးကြောင့် နျူကလီးယားစစ်ပွဲတစ် ပွဲဖြစ်ပွားလာပြီး လူ့ယဉ်ကျေးမှုကြီး ပျက်စီးသွားနိုင်ပါတယ်။” လို့ ပူတင်က ပြောပါတယ်။
နောက်ထပ်ခြောက်နှစ်သက်တမ်းထပ်မံရွေးချယ်ခံရဖို့ သေချာတဲ့ မတ်လ ၁၅-၁၇ ရက်နေ့မှာကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ပြောကြားတဲ့မိန့်ခွန်းထဲမှာ ရုရှားနိုင်ငံရဲ့ အလွန်ကြီးမားပြီး အဆင့်မြှင့်တင်ထားတဲ့ နျူကလီးယားလက်နက်တိုက်ကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်ကြောင်း ပူတင်က ဂုဏ်ယူဝင့်ကြွားစွာ ပြော ဆိုခဲ့ပါတယ်။
မဟာဗျူဟာမြောက်နျူကလီးယားတပ်ဖွဲ့အားလုံး တိုက်ပွဲဝင်အသင့်ရှိနေကြောင်း၊ မျိုးဆက်သစ် ဟိုက်ပါဆော နစ်နျူကလီးယားလက်နက်တွေကိုလည်း တပ်ဖြန့်ချထားပြီးဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
Ref: Putin warns West of risk of nuclear war, says Moscow can strike Western targets
#PeopleMedia