• Follow Us on

Home နျူကလီးယားရေငုပ်သင်္ဘောသစ်နှစ်စီး သမ္မတပူတင်ထုတ်ဖော်ပြသ

နျူကလီးယားရေငုပ်သင်္ဘောသစ်နှစ်စီး သမ္မတပူတင်ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၂

 

ရုရှားသမ္မတဗလာဒီမာပူတင်ဟာ နိုင်ငံရဲ့မြောက်ဖျားပိုင်းမှာ ပြုလုပ်တဲ့ နျူကလီးယားရေငုပ်သင်္ဘောနှစ်စီး ဖွင့်ပွဲ အခမ်းအနားကိုတက်ရောက်စဉ်အတွင်း ရုရှားရေတပ်အင်အားကို တိုးချဲ့သွားမှာဖြစ်ကြောင်း ကတိပေးပြော ကြားလိုက်ပါတယ်။

 

လွန်ခဲ့တဲ့ခြောက်နှစ်ကျော်က ခရာနိစ်ယားစ်ခ် (Krasnoyarsk) နဲ့ အင်ပါယာအ လက်ဇန္ဒား ၃ (Emperor Alexander III) နျူကလီးယားရေငုပ်သင်္ဘောနှစ်စီးတည်ဆောက်ခဲ့တဲ့ ပင်လယ်ဖြူထဲက ဆီဗီရာဒရိစ်ခ်မြို့ (Severodvinsk) မှာကျင်းပတဲ့ အလံတင်အခမ်းအနားကို ရုရှားသမ္မတတက်ရောက်ခဲ့တာဖြစ်ပါတယ်။

 

“အဲဒီလိုရေငုပ်သင်္ဘောတွေနဲ့ အဲဒီလို လက်နက်တွေရှိထားတဲ့တွက် ရုရှားနိုင်ငံကြီးဟာ ဘေးကင်းလုံခြုံမှုရှိတယ် လို့ ခံစားရပါလိမ့်မယ်။” လို့ အာတိတ်သမုဒ္ဒရာထဲက ရေငုပ်သင်္ဘောတစ်စီးထံ သွားရောက်ရင်း သမ္မတပူတင်က ရေတပ်အရာရှိတွေကို ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲဖြစ်ပွားနေတာ နှစ်နှစ်ကြာဝန်းကျင်မှာ လာမယ့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအတွက် ပြန်လည် အရွေးခံဖို့ ၎င်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ပူတင်က ပြောပါတယ်။

 

“ဒီရေငုပ်သင်္ဘောတွေဟာ အာတိတ်ဒေသ၊ အရှေ့အလယ်ပိုင်းဒေသ၊ ပင်လယ်နက်၊ ဘော်လတစ်ပင်လယ်နဲ့ ကစ္စပီယန်ပင်လယ်တို့မှာရှိတဲ့ ငါတို့ရဲ့ ရေတပ်အင်အားဖြစ်တဲ့ ရုရှားရေတပ်ရဲ့ တိုက်ပွဲဝင်အသင့်ဖြစ်နိုင်စွမ်းကို မြှင့်တင်ပေးသွားမှာဖြစ်တယ်။” လို့ ၎င်းက ပြောပါတယ်။

 

ရုရှားရဲ့ပစိတ်ဖိတ်ရေတပ်အုပ်စုမှာ တာဝန်ထမ်းဆောင်မယ့် အဲဒီရေငုပ်သင်္ဘောအသစ် နှစ်စီးအပြင် ရုရှားနိုင်ငံ ဟာ နောက်ထပ်နျူကလီးယားရေငုပ်သင်္ဘော ၈ စီးကို တည်ဆောက်လျက်ရှိပါတယ်။

 

ယူကရိန်းစစ်ပွဲဖြစ်ပွားတာ ဒုတိယနှစ်ထဲရောက်လာပြီဖြစ်တဲ့အလျောက် ရုရှားနိုင်ငံဟာ ၎င်းတို့နိုင်ငံရဲ့စီးပွားရေး ကို စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ဘက်ကို အာရုံပြောင်းဆောင်ရွက်လာပါတယ်။

 

ရုရှားလွှတ်တော်အမတ်တွေကလည်း ၂၀၂၄ ခုဘဏ္ဍာရေးနှစ် အသုံးစရိတ်တွေထဲမှာ စုစုပေါင်းအသုံးစရိတ်အား လုံးရဲ့ သုံးပုံတစ်ပုံနီးပါးရှိတဲ့ စစ်ရေးအသုံးစရိတ်တိုးမြှင့်မှုကို စံချိန်တင်ထောက်ခံခဲ့ကြပါတယ်။

 

ရုရှားနိုင်ငံရဲ့ ရေတပ်စွမ်းအားတိုးမြှင့်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကရင်မလင်ခေါင်း ဆောင်သမ္မတပူတင်က ကတိပြုလိုက်ပါတယ်။

 

Ref: Putin Unveils Two New Nuclear Submarines

 

#PeopleMedia


Share this post