နျူကလီးယားလက်နက်တွေဟာ မိမိကိုယ်မိမိ ခုခံကာကွယ်ရေးအတွက်သာဖြစ်ကြောင်း တရုတ်ပြော
PUBLISHED - October 21, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၁
တရုတ်နိုင်ငံရဲ့ နျူကလီးယားစီမံချက်ဟာ မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့သာဖြစ်တဲ့အတွက် တရုတ်နိုင်ငံကိုတိုက် ခိုက်ဖို့ ခြိမ်းခြောက်လာမှုမရှိမချင်း ကမ္ဘာ့နိုင်ငံများအနေနဲ့ စိုးရိမ်စရာအကြောင်း လုံးဝမရှိကြောင်း တရုတ်အစိုးရ က သောကြာနေ့ (အောက်တိုဘာလ ၂၀ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုတွေဟာ အမေရိကန်တွေ ခန့်မှန်းမျှော်လင့်ထားတာထက် ပိုမို မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း အမေရိကန်အစိုးရက အခုသီတင်းပတ်အတွင်းက ပြောကြားခဲ့ပါတယ်။
တရုတ်အစိုးရဟာ ၂၀၃၀ ပြည့်နှစ်မတိုင်ခင် နျူကလီးယားထိပ်ဖူး ၁၀၀၀ ကျော်ပိုင်ဆိုင်လာတော့မှာဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။
အမေရိကန်အစိုးရဘက်ကပြောဆိုချက်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်းရာ အမေရိ ကန်အစိုးရပြောဆိုတဲ့ အရေအတွက်နဲ့ပတ်သက်ပြီး တိုက်ရိုက်ငြင်းဆိုတာမျိုးမရှိပါဘူး။
“တရုတ်နိုင်ငံဟာ မိမိကိုယ်မိမိ ခုခံကာကွယ်ရေးအတွက် မဟာဗျူဟာမြောက်နျူကလီးယားလက်နက်ပိုင်ဆိုင် ရေးကို ခိုင်ခိုင်မာမာ ဆောင်ရွက်နေတာဖြစ်ပါတယ်။” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ် မော်နိုင်က ပြောပါတယ်။
“ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ နျူကလီးယားတပ်ဖွဲ့တွေကို အမျိုးသားလုံခြုံရေးအတွက် လိုအပ်တဲ့အနိမ့်ဆုံး အ ဆင့်မှာပဲ အမြဲထားရှိထားပါတယ်။ တခြားနိုင်ငံတစ်ခုခုနဲ့ နျူကလီးယားလက်နက်ပြိုင်ဆိုင်ဖို့ ရည်ရွယ်ချက် လုံး ဝမရှိပါဘူး။” လို့ ၎င်းက ပြောပါတယ်။
“တရုတ်နိုင်ငံကို နျူကလီးယားလက်နက်တွေနဲ့ ခြိမ်းခြောက်လာခြင်းမရှိသေးသရွေ့ ဘယ်နိုင်ငံကို တရုတ်နိုင်ငံ က ပိုင်ဆိုင်ထားတဲ့နျူကလီးယားလက်နက်တွေနဲ့ ခြိမ်းခြောက်မှာ မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ ငွေကြေးများစွာသုံးစွဲကာ ၎င်းတို့ရဲ့နျူကလီးယားတပ်ဖွဲ့တွေကို အဆင့်မြှင့်တင်နေပြီး နျူ ကလီးယားပိုင်ဆိုင်ခြင်းမရှိတဲ့ မဟာမိတ်နိုင်ငံတွေကို နျူကလီးယားလက်နက်တွေနဲ့ကာကွယ်ပေးဖို့ မူဝါဒချမှတ် ထားကြောင်းလည်း မော်နိုင်က ပြောပါတယ်။
“အဲဒီမူဝါဒတွေကို အကောင်အထည်ဖော်ဆောင်ရွက်နေတာဟာ နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုနဲ့ နျူကလီး ယားပဋိပက္ခတွေကို အခြေအနေပိုမိုဆိုးရွားစေသလို ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက်လုံခြုံရေးအခြေအနေ ကိုလည်း ပိုမိုဆိုးရွားသွားစေမှာဖြစ်ပါတယ်။” လု့ိ ၎င်းက ပြောပါတယ်။
လက်ရှိ တရုတ်နိုင်ငံမှာ နျူကလီးယားထိပ်ဖူး ၄၁၀ ဝန်းကျင်ရှိထားပြီး ရုရှားနိုင်ငံမှာ နျူကလီးယားထိပ်ဖူး ၄၅၀၀ ဝန်းကျင်ပိုင်ဆိုင်ထားသလို အမေရိကန်နိုင်ငံမှာလည်း နျူကလီးယား ထိပ်ဖူး ၃၇၀၀ ဝန်းကျင်ခန့်ရှိနေကြောင်း စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
Ref: China Says Nuclear Weapons Only Intended for ‘Self-Defense’
#PeopleMedia