• Follow Us on
Latest News

Home နွားထိုးကြီးမြို့တွင် ဈေးဝယ်ပြီးပြန်လာသည့် ထွေအုပ်စာရေးတစ်ဦးကို PDF များမှ သေနတ်ဖြင့်ပစ်သတ်

နွားထိုးကြီးမြို့တွင် ဈေးဝယ်ပြီးပြန်လာသည့် ထွေအုပ်စာရေးတစ်ဦးကို PDF များမှ သေနတ်ဖြင့်ပစ်သတ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၅

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ ရွာကြီးကျေးရွာ၊ မြင်းခြံ-ရေဝန်းသွားသည့် ကားလမ်းမ ဘေးဖြင့် ဈေးဝယ်ပြီးပြန်လာသည့် ထွေအုပ်စာရေးတစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

 

ဇန်နဝါရီလ ၁၅ ရက် နေ့လည် ၁၂ နာရီကျော်တွင် ရွာကြီးကျေးရွာတွင်နေသည့် ထွေအုပ်ရပ်ကျေးစာရေး ဒေါ်စန္ဒာစိန်မှာ မော်တော်ဆိုင်ကယ်ဖြင့် ထိုကျေးရွာရှိ “ခင်မာမြင့်ကုန်စုံဆိုင်” မှ ဈေးဝယ်ပြီး မော်တော်ဆိုင်က ယ်ဖြင့် မောင်းနှင်လာစဉ် မြင်းခြံ-ရေဝန်းသွားသည့် ကားလမ်းမဘေးတွင် PDF (၅) ဦးမှ မော်တော်ဆိုင်ကယ် (၃) စီးဖြင့် ရောက်ရှိလာပြီး ထိုအမျိုးသမီးကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုသေနတ်ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် အသက်(၄၅) ဒေါ်စန္ဒာစိန်မှာ ဘယ်ဘက်နဖူးဘက်ခြမ်းမှ ဖောက်ဝင်ပြီး ဘယ်ဘက်နားအထက်ဖောက်ထွက်ဒဏ်ရာ (၂) ချက်၊ မေ့စေ့အောက်မှ ဖောက်ဝင်ပြီး ဘယ် ဘက်ပါးအောက်ဖောက်ဝင်ဒဏ်ရာ (၂) ချက်၊ ခါးနောက်ကြောဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်ဒူး ဖောက်ဝင်/ထွက် ဒဏ်ရာ (၂) ချက်တို့ရရှိပြီး အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

မကြာသေးမီရက်ပိုင်းကလည်း နွားထိုးကြီးမြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF များမှ လက်ပြန် ကြိုးတုတ်၍ သေနတ်ဖြင့်ပစ်သတ်ခံရသည့် ဖြစ်စဉ်များရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post