• Follow Us on
Latest News

Home နွားထိုးကြီးမြို့တွင် နေအိမ်အတွင်း၌ အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

နွားထိုးကြီးမြို့တွင် နေအိမ်အတွင်း၌ အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ ဖလံကုန်းကျေးရွာတွင်နေသည့် ဦးမောင်မှုကို နေအိမ်၌ PDF များမှ သေနတ်ဖြင့်ပစ်ခတ်လိုက်ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၃၀ ရက် နံနက် ၈ နာရီကျော်တွင် PDF (၅) ဦးမှ မော်တော်ဆိုင်ကယ်သုံးစီးဖြင့် ဖလံကျေးရွာရှိ ဦးမောင်မှု၏ နေအိမ်သို့ရောက်ရှိလာပြီး မိသားစုဝင်များရှေ့တွင် PDF များမှ ထိုအမျိုးသားကို သေနတ်ဖြင့်ပစ် ခတ်သွားကြောင်း သိရသည်။

 

သေနတ်ပစ်ခတ်ခံရမူကြောင့် သေဆုံးသွားသည့် အသက် (၅၅) နှစ်အရွယ် ဦးမောင်မှုမှာ ကျည်ထိဒဏ်ရာများ ဖြင့် သေဆုံးသွားကြောင်း သိရသည်။ ထိုနွားထိုးကြီးမြို့ရှိ မင်းရွာကျေးရွာတွင် ပြီးခဲ့သည့်လပိုင်းကလည်း ပြည်သူ (၄) ဦးကို PDF များမှ အစုလိုက်သတ်ဖြတ်သွားသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post