• Follow Us on

Home နွားထိုးကြီးမြို့တွင် မော်တော်ဆိုင်ကယ်ဖြင့် ကလေးကျောင်းသွားကြိုသည့် ဒုရဲအုပ်တစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

နွားထိုးကြီးမြို့တွင် မော်တော်ဆိုင်ကယ်ဖြင့် ကလေးကျောင်းသွားကြိုသည့် ဒုရဲအုပ်တစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးခရိုင်၊ နွားထိုးကြီးမြို့နယ်၊ သင်းတီးကျေးရွာနှင့်ပဲချက်ကျေးရွာကြားတွင် မော်တော်ဆိုင်ကယ်ဖြင့် ကလေးကျောင်းသွားကြိုသည့် ဒုရဲအုပ်တစ်ဦးကို PDF များမှသေနတ်ဖြင့်ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၁ ရက် ၂ : ၄၅ အချိန်တွင် ဝက်လူးကျေးရွာတွင် ကျောင်းတတ်ရောက်နေသည့် ကျောင်းသားကို မော်တော်ဆိုင်ကယ်ဖြင့် တစ်ဦးထဲကျောင်းသွားကြိုစဉ် သင်းတီးကျေးရွာနှင့်ပဲချက်ကျေးရွာကြား၌ သေနတ်ပ စ်ခတ်ခံရကြောင်း သိရသည်။

 

ကျောင်းဆင်းချိန် ၃ နာရီရှိသော်လည်း ပြန်ရောက်လာခြင်းမရှိသောကြောင့် တာဝန်ရှိသူများမှ လိုက်လံရှာဖွေရာ ၄:၀၅ အချိန်တွင် သင်းတီးကျေးရွာနှင့်ပဲ ချက်ကျေးရွာကြား၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းအားတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ထိုပစ်ခတ်ခံရသည့် အသက် (၃၈) နှစ်အရွယ် ဝက်လူးနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်ဆန်းဝင်း၏ နဖူးညာ ဘက်ထိပ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ဘယ်ဘက်ပုခုံးတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ညာ ဘက်ခြေသလုံးတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး သေဆုံးသွားကြောင်း၊ ၎င်းစီးနှင်သည့် မော်ေ တာ်ဆိုင်ကယ် HONDA CLICK အဖြူရောင်နှင့် ဖုန်းတို့ကို PDF များမှ ယူဆောင်သွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post