နွားထိုးကြီးမြို့တွင် အသက် (၆၀) ဝန်းကျင်ရှိသည့် အမျိုးသားနှစ်ဦး လက်ပြန်ကြိုးတုတ်၍ ပစ်ခတ်ခံရ

PUBLISHED - August 9, 2023
နေပြည်တော်၊ သြဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ မြင်းခြံ-ရေဝန်းသွားကားလမ်းမဘေးတွင် အသက် (၆၀) ဝန်းကျင်ရှိ သည့် အမျိုးသားနှစ်ဦး လက်ပြန်ကြိုးတုတ်၍ မျက်နှာများကို Mask များတပ်လျက် ကျည်ထိဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။
သြဂုတ်လ ၇ ရက် မွန်းလွဲ ၁၂:၄၀ အချိန်တွင် မြင်းခြံ-ရေဝန်းသွားသည့် ကားလမ်းမဘေးရှိ မင်းစုံတောင် (ဘေးမဲ့တောစပ်)နေရာတွင် အမျိုးသားနှစ်ဦး ကျည်ထိဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း တွေ့ရှိကြောင်း သတင်းရရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုစစ်ဆေးရာတွင် အသက် (၆၀) နှစ်ခန့် အမျိုးသားတစ်ဦး၏ နဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ လည် ဂုတ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိပြီး၊ ကျန်တစ်ဦးမှာ အသက် (၅၂) နှစ်ခန့် အမျိုးသားတစ်ဦး၏ ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနားထင်ကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် လည် ဂုတ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး သေဆုံးနေကြောင်း သိရသည်။
Photo – Credit
#Newvisionmedia