• Follow Us on

Home နွားထိုးကြီးမြို့တွင် အသက် (၆၀) ဝန်းကျင်ရှိသည့် အမျိုးသားအပါအဝင် (၄) ဦး အစုလိုက်ပစ်ခတ်ခံရ

နွားထိုးကြီးမြို့တွင် အသက် (၆၀) ဝန်းကျင်ရှိသည့် အမျိုးသားအပါအဝင် (၄) ဦး အစုလိုက်ပစ်ခတ်ခံရ

Share this post

နေပြည်တော်၊ သြဂုတ် ၁၀

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ ဆည်ကလေး(န)ကျေးရွာအဝင်၌ အသက် (၆၀) ဝန်း ကျင်ရှိသည့် အမျိုးသားအပါအဝင် (၄) ဦးကို PDF များမှ သေနတ်ဖြင့် အစုလိုက်ပစ်ခတ်သွားကြောင်း သိရ သည်။

 

သြဂုတ်လ ၉ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဆည်ကလေး(န)ကျေးရွာအဝင်၌ အမျိုးသား (၄) ဦး သေဆုံးနေကြောင်း သတင်းရရှိသောကြောင့် ထိုနေရာသို့ လုံခြုံရေးတပ်ဖွဲ့သွားရောက်စစ်ဆေးရာတွင် အမျိုးသား (၄) ဦးမှာ ကျည်ထိဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

 

ထိုသေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသူများမှာ လက်ရှိအချိန်တွင် နေရပ်လိပ်စာများ စုံစမ်းလျက်ရှိပြီး အသက်အရွယ်များမှာ အသက် (၆၀) နှစ်ခန့်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၄၅) နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် (၄၀) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်(၃၅) နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း (၄) ဦးတို့မှာ ကျည်ထိဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post