နွားထိုးကြီးမြို့နယ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိ
PUBLISHED - January 29, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဂွေးပင်တောကျေးရွာ၊ နွားထိုးကြီး- ဂွေးပင်တောကျေးရွာသွား မြေသားလမ်းဘေးရှိ ယာခင်းအတွင်း၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တစ် လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ (၂၈)ရက် နေ့လယ် (၁)နာရီအချိန်က ဂွေးပင်တောကျေးရွာနေသူ ဦးလှထွန်း ပိုင်ဆိုင်သည့် ယာခင်း အတွင်း အမည်မသိ၊ အသက် (၃၅)နှစ်ခန့်၊ ဖြူ/ညိုရောင် လက်တိုအင်္ကျီ၊ နီ/နက်ရောင် ကွက်စိပ်ပုဆိုး ဝတ်ဆင် ထားသည့် အမျိုးသားတစ်ဦးအား ရင်ဘတ်ထိုးသွင်းဒဏ်ရာ (၂) ချက်၊ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ (၈) ချက်၊ လည်ပင်း လှီးဖြတ်ဒဏ်ရာ (၁) ချက်တို့ဖြင့် လဲကျသေဆုံးနေကြောင်း သိရသည်။
ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ ရုပ်အလောင်းအား နွားထိုးကြီးပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ထားပြီး လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
#PeopleMedia