နွားထိုးကြီးမြို့နယ်တွင် မီးသွေးအိတ်များ ယာဉ်ပေါ်တင်နေသည့် အမျိုးသား (၃) ဦးကို PDF က ဖမ်းဆီးပြီး ယာဉ်မောင်းဖြစ်သူကို သတ်ဖြတ်
PUBLISHED - February 16, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြတောင်ကျေးရွာတွင် မီးသွေးအိတ်များကို ယာဉ်ပေါ်တင်နေသည့် အမျိုးသား (၃)ဦးကို PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသွားက ယာဉ်မောင်းဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်လိုက် ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၁၅)ရက် နေ့ခင်း (၂)နာရီ အချိန်က နွားထိုးကြီးမြို့နယ်၊ ပြင်စီစံပြကျေးရွာတွင် နေထိုင်သည့် ယာဉ်မောင်း ဦးအောင်လွင်သည် ၎င်း၏ ညီဖြစ်သူ အောင်ချင်း၊ အကူအလုပ်သများဖြစ်သူ အောင်အောင်ဦး တို့နှင့်အတူ မြတောင်ကျေးရွာသို့ မီးသွေးတင်ရန် (၆)ဘီး ယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။
ယင်းနောက်တွင် ယာဉ်မောင်း ဦးအောင်လွင်ပါ (၃)ဦးသည် ညနေ (၃)နာရီခန့်တွင် မြတောင်ကျေးရွာရှိ ဦးကျော်သန်း နေအိမ်သို့ ရောက်ရှိခဲ့ပြီး မီးသွေးအိတ်များ ယာဉ်ပေါ်သို့ တင်ခဲ့ကြောင်း သိရသည်။
၎င်းသို့ မီးသွေးအိတ်များ ယာဉ်ပေါ်သို့ တင်ဆောင်နေစဉ် PDF အဖွဲ့ဝင် (၄)ဦးသည် ဆိုင်ကယ် (၂)စီးဖြင့် သေနတ် အတို/အရှည်များကို ကိုင်ဆောင်ကာ ရောက်ရှိလာပြီး ဦးအောင်လွင်တစ်ဦးတည်းကို လက်ပြန်ကြိုး တုပ်ကာ ၎င်း၏ ညီဖြစ်သူ အောင်ချင်းနှင့် အောင်အောင်ဦးတို့ကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားသည်။
ယင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ရွာအဝင် လမ်းမအရောက်တွင် ဦးအောင်လွင်အား PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးအောင်လွင်တွင် ဝဲဘက်နားအောက် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာဘက်နား အောက် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ နောက်ကြောပြင် ယာဘက် ခြမ်း ဖောက်ဝင်ဒဏ်ရာ (၁)ချက်တို့ဖြင့် အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
၎င်းနောက် PDF အဖွဲ့ဝင်များသည် ဖမ်းဆီးသွားသည့် အောင်ချင်းနှင့် အောင်အောင်ဦးတို့ကို ပြန်လွှတ်ပေးခဲ့ပြီး မြတောင်ရွာ၏ တောင်ဘက်ရှိ မြင်းခြံ- ရေဝန်းသွားကားလမ်းဆုံ ဘက်သို့ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွား ကြောင်း သိရသည်။
#PeopleMedia