• Follow Us on
Latest News

Home နွားထိုးကြီးမြို့နယ်တွင် အမျိုးသားတစ်ဦးကို PDF အဖွဲ့ဝင်များမှ ဖမ်းဆီးကာ လည်လှီး သတ်ဖြတ်

နွားထိုးကြီးမြို့နယ်တွင် အမျိုးသားတစ်ဦးကို PDF အဖွဲ့ဝင်များမှ ဖမ်းဆီးကာ လည်လှီး သတ်ဖြတ်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြဝတီကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို PDF အဖွဲ့ဝင် (၅၀) ဦးခန့်မှ ဖမ်းဆီးသွားပြီး လည်ပင်းကိုလှီးကာ သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ (၁၉)ရက် ည (၇)နာရီအချိန်က မြဝတီကျေးရွာတွင် နေထိုင်သည့် အသက် (၃၃)နှစ်အရွယ်ရှိ ဖိုးထောင် (ခ) မိုးဟိန်းအောင်သည် ၎င်း၏ နေအိမ်တွင် ရှိနေစဉ် PDF အဖွဲ့ဝင် (၅၀)ဦးခန့်သည် ခဲရောင် ကားတစ်စီး၊ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အစည်းအဝေးလုပ်ရန်အတွက်ဟုဆိုကာ ကိုဖိုးထောင်ကို ခေါ်ဆောင်သွားကြောင်း သိရသည်။

 

ယင်းနောက် ဖေဖော်ဝါရီလ (၂၀)ရက်တွင် လည်ပင်းလှီးဖြတ် ဒဏ်ရာ (၁)ချက်၊ ယာဘက် ဝမ်းဗိုက်ပြတ်ရှ (၁၀)လက်မခန့် ဒဏ်ရာ (၁)ချက်တို့ဖြင့် သေဆုံးနေသည့် ကိုဖိုးထောင်၏ ရုပ်အလောင်းကို မြဝတီကျေးရွာ ရွာလယ်လမ်းမတွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် အဆိုပါ ရုပ်အလောင်းအား မြဝတီ လူမှုကူညီရေးအသင်း ယာဉ်ငယ်ဖြင့် နွားထိုးကြီးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး အလောင်းကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post