နွားထိုးကြီးမြို့နယ်တွင် ထွေအုပ်စာရေး ၁ ဦးအား ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်
PUBLISHED - September 6, 2023
နေပြည်တော်၊ စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပြရာချောင်းကျေးရွာအုပ်စု မင်းတဲကျေးရွာတွင် စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီအချိန်က ထွေအုပ်စာရေး ၁ ဦးအား PDF က ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။
မြင်းခြံမြို့နယ်၊ ပျားကျေးရွာနေ ဦးသန်းကြိုင် အသက် ၄၈ နှစ်သည် ၎င်း၏ နေအိမ်၌ရှိနေစဉ် ဆိုင်ကယ်များဖြင့် PDF ၃ ဦး ရောက်ရှိလာပြီး ဦးသန်းကြိုင်အား လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး နွားထိုးကြီး မြို့နယ်၊ ပြရာချောင်းကျေးရွာအုပ်စု၊ မင်းတဲကျေးရွာသွား လမ်းဘေးရှိ ဇရပ်အနီး၌ ဦးသန်းကြိုင်အား သတ်ဖြတ် ခဲ့ခြင်းကြောင့် ဝဲဘက်မျက်လုံး ဖောက်ဝင် ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ ကြောင်း သိရသည်။
#PeopleMedia