• Follow Us on

Home နွားထိုးကြီးမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ ဇန်နဝါရီလ (၃၁) ရက် နောက်ဆုံး နုတ်ထွက်ရန် နွားထိုးကြီး PDF ထုတ်ပြန်

နွားထိုးကြီးမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ ဇန်နဝါရီလ (၃၁) ရက် နောက်ဆုံး နုတ်ထွက်ရန် နွားထိုးကြီး PDF ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၅

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများအနေဖြင့် ဇန်နဝါရီလ (၃၁) ရက်နေ့ နောက်ဆုံး နုတ်ထွက်စာတင်ရန် နွားထိုးကြီး PDF အဖွဲ့က ထုတ်ပြန်ထားသည်။

 

အုပ်ချုပ်ရေးမှူးများအနေဖြင့် နုတ်ထွက်စာတင်မည်ဆိုပါက ကျေးရွာအမည်၊ အုပ်ချုပ်ရေးမှူးအမည်၊ နုတ်ထွက် စာ နောက်ဆုံးရက် စသည့်အချက်အလက်များကို နွားထိုးကြီး(ပ.က.ဖ) ၏ Facebook Page တွင် အကောင့် အစစ်ဖြင့် ပေးပို့ကြရန် တိုက်တွန်းထားသည်။

 

ယင်းအပြင် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ထောက်ခံစာများအတွက် ငွေကြေးတောင်းခံမှု များလာသဖြင့် ထိရောက်စွာအရေးယူမည်ဟုလည်း ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ (၃၁) ရက် နေ့လယ် (၁၂) နာရီ (၁၅) မိနစ်အချိန်ကလည်း နွားထိုးကြီး PDF အဖွဲ့ ဝင်များအနေဖြင့် နွားထိုးကြီးမြို့ထဲထိ ဝင်ရောက်ခဲ့ပြီး နွားထိုးကြီးမြို့မရဲစခန်းနှင့် ဆောက်လုပ်ရေးရုံးတို့ကို တိုက်ခိုက်ခဲ့သည်။

 

#PeopleMedia


Share this post