• Follow Us on
Latest News

Home နွားထိုးကြီးမြို့နယ် ကျေးရွာအုပ်စု အငယ်တန်း စာရေးတစ်ဦးကို စစ်သွေးကြွတွေ ဖမ်းဆီးပြီး (၁၂)ရက်ကြာမှ ပြန်လွှတ်ပေး

နွားထိုးကြီးမြို့နယ် ကျေးရွာအုပ်စု အငယ်တန်း စာရေးတစ်ဦးကို စစ်သွေးကြွတွေ ဖမ်းဆီးပြီး (၁၂)ရက်ကြာမှ ပြန်လွှတ်ပေး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ထွေ/အုပ် ဦးစီးဌာန၊ မလည်ကျေးရွာအုပ်စု အငယ်တန်း စာရေးတစ်ဦးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဖမ်းဆီးပြီး (၁၂)ရက်ကြာမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ (၁)ရက် နံနက် (၁၀)နာရီ (၁၀)မိနစ်အချိန်က နွားထိုးကြီးမြို့၊ အမှတ် (၂)ရပ်ကွက်တွင် နေထိုင်သည့် အသက် (၃၀)အရွယ် ဦးစိုးထက်အာကာသည် ၎င်းနေအိမ်မှ မြင်းခြံမြို့သို့ ဈေးဝယ်သွား ရောက်ရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် ၎င်း၏ ဇနီးဖြစ်သူမှ နွားထိုးကြီးမြို့မရဲစခန်းတွင် လူပျောက်အမှုဖွင့်ခဲ့သည်။

 

ယင်းနောက် မြင်းခြံမြို့သို့ ဈေးဝယ်ရန် သွားသည့် ဦးစိုးထက်အာကာအား ဒီဇင်ဘာလ (၁)ရက်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းနှင့် ဒီဇင်ဘာလ (၁၂)ရက် ညနေ (၅)နာရီခွဲ အချိန်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် နွားထိုးကြီးမြို့နယ်၊ မိုးကန်ကျေးရွာအုပ်စု၊ မိုးကန်(အနောက်) ကျေးရွာ၊ တတိုင်းရဘုရားအနီးတွင် ဦးစိုးထက်အာကာအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post