နွားထိုးကြီးမြို့နယ် မင်းရွာကျေးရွာရှိ အုပ်ချုပ်ရေးမှူးအပါအဝင် ၄ ဦးအား PDF က သတ်ဖြတ်၊ ကျေးရွာစာသင် ကျောင်းအား မီးရှို့ဖျက်ဆီး
PUBLISHED - August 14, 2023
နေပြည်တော်၊ ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာရှိ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ဩဂုတ် ၁၁ ရက် နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက လက် နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျေးရွာစာသင်ကျောင်းအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများသည် ဩဂုတ် ၁၁ ရက် နံနက် ၃ နာရီခန့်တွင် လက်နက်ငယ်များ ကိုင်ဆောင်၍ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသည့် ဦးအုန်းဖေနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မိုးအပါအဝင် အမျိုးသား ၂ ဦး နှင့်အမျိုးသမီး ၂ ဦးတို့အား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျေးရွာရှိ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)အား မီးရှို့ ဖျက်ဆီးကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် သေဆုံးနေသည့် အပြစ်မဲ့ပြည်သူများ၏ အလောင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နွားထိုးကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ မေတ္တာမွန်လူမှု ကူညီရေးအသင်းပိုင် Alphard အမျိုးအစား မော်တော် ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့စဉ် နံနက် ၁၀ နာရီခန့်တွင် နွားထိုးကြီး – မြင်းခြံ သွားကားလမ်း၊ မိုးကန်ကျေးရွာအနီး သို့အရောက်၌ လမ်းညာဘက် ၁၀ ပေခန့်အကွာမှ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်အဝေး ထိန်းမိုင်းများဖြင့် ထပ်မံပေါက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ကျောင်းသူ/ကျောင်း သားများ ပညာသင်ကြားရေးအတွက် အသုံးပြုနေသည့် ကျေးရွာစာသင်ကျောင်းအား ယခုကဲ့သို့ မီးရှို့ဖျက်ဆီး ခဲ့ခြင်း စစ်ရာဇဝတ်မှု(War Crime) ကျူးလွန်ခြင်းများဆောင်ရွက်နေပြီး အဆိုပါလုပ်ရပ်များအပေါ် ဒေသခံပြည် သူများအနေ ဖြင့် ရွံ့ရှာစက်ဆုပ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia