နွားထိုးကြီးမြို့နယ် ဝက်လူးနယ်မြေရဲစခန်းကို စစ်သွေးကြွတွေ တိုက်ခိုက်နေ၊ စစ်ကူနှင့် ခဲယမ်းများ ပို့ဆောင်ပေးရန် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တောင်းဆို
PUBLISHED - September 17, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာရှိ ဝက်လူးနယ်မြေရဲစခန်းကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ တိုက်ခိုက်နေပြီး စစ်ကူနှင့် ခဲယမ်းများ ပို့ဆောင်ပေးရန် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တောင်းဆိုနေ ကြသည်။
ယနေ့ စက်တင်ဘာလ (၁၇)ရက် နံနက် (၉)နာရီခွဲခန့်မှ စတင်ကာ စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ဝက်လူးနယ်မြေရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများ အသုံးပြုကာ ဗုံးကြဲချခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းသို့ စစ်သွေးကြွများမှ ဝက်လူးနယ်မြေရဲစခန်းကို တိုက်ခိုက်ရာတွင် ဒရုန်းများ အများအပြားအသုံးပြုကာ တိုက်ခိုက်နေပြီး မြေပြင်တွင် ရဲစခန်းအနီး ပတ်ဝန်းကျင်ထိ ရောက်ရှိကာ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိ နေကြောင်း သိရသည်။
ဝက်လူးနယ်မြေရဲစခန်းသို့ လာရောက်တိုက်ခိုက်သည့် စစ်သွေးကြွ PDF အဖွဲ့ဝင်များကို တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းလျက်ရှိသော်လည်း မြေပြင်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ အချိန်အကြာကြီး တောင့်ခံနိုင်ရန်အတွက် စစ်ကူနှင့် လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆက်သွယ်ပြောဆိုလာသည်။
#PeopleMedia