• Follow Us on
Latest News

Home နွားထိုးကြီးမြို့နယ် PDF အဖွဲ့ဝင်များ သတ်ဖြတ်ထားသည့် အမျိုးသားအလောင်း (၁) လောင်းတွေ့

နွားထိုးကြီးမြို့နယ် PDF အဖွဲ့ဝင်များ သတ်ဖြတ်ထားသည့် အမျိုးသားအလောင်း (၁) လောင်းတွေ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၁

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ တက်စီကျေးရွာအနီးရှိ လှည်းလမ်းမပေါ်တွင် PDF အဖွဲ့ဝင်များ သတ်ဖြတ်ထားသည့် အမျိုးသားအလောင်း (၁) လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၉ ရက် နံနက် (၉) နာရီ (၂၀) မိနစ်အချိန်က တက်စီကျေးရွာအနီးရှိ လှည်းလမ်းမပေါ်တွင် PDF အဖွဲ့ဝင်များ သတ်ဖြတ်ထားသဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

 

ထိုသို့ သွားရောက်စစ်ဆေးရာတွင် အသက် ၃၅ နှစ်ခန့်အရွယ်ရှိ အမျိုးသား ၁ ဦး(စိစစ်ဆဲ) အား ဦးခေါင်း နောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် စစ်ဆေးနိုင်ရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post