• Follow Us on

Home နွားထိုးကြီးမြို့ရှိ စာရင်းစစ်ရုံး ဝန်ထမ်းအိမ်ရာကို PDF များက ဒရုန်းဗုံးဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် အမိုးအကာ များ ပျက်စီး

နွားထိုးကြီးမြို့ရှိ စာရင်းစစ်ရုံး ဝန်ထမ်းအိမ်ရာကို PDF များက ဒရုန်းဗုံးဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် အမိုးအကာ များ ပျက်စီး

Share this post

နေပြည်တော်၊ မတ် ၁

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ရှိ စာရင်းစစ်ရုံး ဝန်ထမ်းအိမ်ရာကို PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် အမိုးအကာများ ပျက်စီးသွားကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ (၂၉) ရက် နံနက် (၁၁) နာရီ (၅၀) မိနစ်အချိန်ခန့်က နွားထိုးကြီးမြို့ရှိ စာရင်းစစ်ရုံး ဝန်ထမ်း အိမ်ရာအား PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် Drop Bomb (၁) လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

PDF အဖွဲ့ဝင်များ ပစ်ချတိုက်ခိုက်ခဲ့သည့် Drop Bomb သည် စာရင်းစစ်ရုံး ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ၊ ဒုတိယခန်း၊ ဦးအောင်ဇော်မင်း နေအိမ်လိုင်းခန်း ခေါင်မိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိသော်လည်း သွပ်မိုး (၂)ပေပတ်လည် (၂)ချပ်၊ မျက်နှာကျက် (၆)ပေ (၃)ပေ (၂)ချပ်၊ ငွေကြေးတန်ဖိုး (၄)သိန်းကျပ်ခန့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post