• Follow Us on
Latest News

Home နွားထိုးကြီးမြို့၊ မြို့နယ်စာရင်းစစ်ရုံး ညစောင့်အဖြစ် လုပ်ကိုင်သူ အမျိုးသား တစ်ဦးကို စစ်သွေးကြွများက ဖမ်းဆီး ခေါ်ဆောင်၊ အသက်ရှင်/မရှင် မသိရသေး

နွားထိုးကြီးမြို့၊ မြို့နယ်စာရင်းစစ်ရုံး ညစောင့်အဖြစ် လုပ်ကိုင်သူ အမျိုးသား တစ်ဦးကို စစ်သွေးကြွများက ဖမ်းဆီး ခေါ်ဆောင်၊ အသက်ရှင်/မရှင် မသိရသေး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၄

 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၊ မြို့နယ်စာရင်းစစ်ရုံး ညစောင့်အဖြစ် လုပ်ကိုင်သူ အမျိုးသားတစ်ဦးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 

အောက်တိုဘာလ (၁၃)ရက် နံနက် (၁၀)နာရီ (၁၅)မိနစ်အချိန်တွင် မိုးကန်(ရှေ့)ကျေးရွာတွင် နေထိုင်သည့် မြို့နယ်စာရင်းစစ်ရုံး ညစောင့်အဖြစ် လုပ်ကိုင်သူ ဦးသိန်းနိုင်ဝင်းသည် ၎င်း၏ နေအိမ်တွင် ရှိနေစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင် (၁၀)ဦးခန့်သည် ဆိုင်ကယ် (၁)စီး၊ မော်တော်ယာဉ် (၁)စီးတို့ဖြင့် ရောက်ရှိလာသည်။

 

ယင်းနောက်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ဦးသိန်းနိုင်ဝင်းအား ဖမ်းဆီးကာ နွားထိုးကြီး- မြင်းခြံသွား ကားလမ်းဘက်သို့ ပြန်လည်ထွက်ခွါသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post