• Follow Us on
Latest News

Home နွားထိုးကြီးမြို့၊ အ-ထ-က(မြို့မ) ကျောင်းကို စစ်သွေးကြွ PDF အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းကြိုလာသည့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

နွားထိုးကြီးမြို့၊ အ-ထ-က(မြို့မ) ကျောင်းကို စစ်သွေးကြွ PDF အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းကြိုလာသည့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၇

 

နွားထိုးကြီးမြို့၊ အ-ထ-က (မြို့မ) ကျောင်းကို စစ်သွေးကြွ PDF အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းကြိုလာသည့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ဇန်နဝါရီလ (၁၆)ရက် နေ့ခင်း (၂)နာရီ (၄၅)မိနစ်အချိန်ခန့်က နွားထိုးကြီးမြို့၏ အရှေ့တောင်ဘက် မီတာ (၅၀၀)ခန့်အကွာမှ PDF အဖွဲ့ဝင်များသည် လက်နက်ကြီးဖြင့် နွားထိုးကြီးမြို့အတွင်းသို့ ပစ်ခတ်ခဲ့သည်။

 

အဆိုပါ လက်နက်ကြီးကျည်သည် နွားထိုးကြီးမြို့ ဆောက်လုပ်ရေးဝန်းနှင့် အထက (မြို့မ)ကြားသို့ ကျ ရောက်ပေါက်ကွဲခဲ့သည်။

 

လက်နက်ကြီးပေါက်ကွဲမှုကြောင့် အထက (မြို့မ)သို့ ကလေးကျောင်းကြိုရန် လာရောက်သည့် နွားထိုးကြီးမြို့၊ အမှတ် (၂)ရပ်ကွက်တွင် နေထိုင်သူ ဒေါ်မာမာမြင့်၏ ဝဲခြေသလုံးတွင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက် ရရှိခဲ့သဖြင့် နွားထိုးကြီးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယင်းမှတဆင့် မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post