နွားရောင်း/ဝယ် လုပ်ကိုင်သူအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

PUBLISHED - July 29, 2023
နေပြည်တော်၊ ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့၊ ဇဗ္ဗူသီရိကျေးရွာတွင်နေသည့် နွားရောင်း/နွားဝယ် လုပ်ကိုင်သူအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
ဇူလိုင်လ ၂၈ ရက် နေ့လည် ၂:၃၀ အချိန်တွင် PDF များမှ ဇဗ္ဗူသီရိကျေးရွာသို့ ရောက်ရှိလာပြီး ထိုကျေးရွာတွင် နေသည့် နွားရောင်း/နွားဝယ်လုပ်ကိုင်သူ ဦးဝင်းနိုင် (ခ)ဝင်းနိုင်၏ နေအိမ်သို့ ရောက်ရှိလာပြီး ထိုအမျိုးသားကို နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ထိုပစ်ခတ်ခံရသည့် အမျိုးသားမှာ အသက် (၅၄) နှစ်ရှိပြီး ၎င်းကို PDF များမှ ဝမ်းဗိုက် ၁ ချက်၊ ဘယ်ဘက် လက်ပြင် ၂ ချက် နှင့် ဘယ်ဘက်ခါးတွင် ကျည်ထိဒဏ်ရာ ၁ ချက်တို့ သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွား ကြောင်း သိရသည်။
Photo – Credit
#Newvisionmedia