• Follow Us on
Latest News

Home နှစ်စ မတ်လ ၁၇ ရက်နေ့အထိ ထိုင်းနိုင်ငံထဲကို ကမ္ဘာလှည့်ခရီးသွား ၈ သန်းကျော်ဝင်ရောက်လာရာ ဘတ်ငွေ ၃၅၉ ဘီလျံကျော်ရရှိ

နှစ်စ မတ်လ ၁၇ ရက်နေ့အထိ ထိုင်းနိုင်ငံထဲကို ကမ္ဘာလှည့်ခရီးသွား ၈ သန်းကျော်ဝင်ရောက်လာရာ ဘတ်ငွေ ၃၅၉ ဘီလျံကျော်ရရှိ

Share this post

နိုင်ငံတကာ၊ မတ် ၂၀

 

ထိုင်းနိုင်ငံထဲကို အခုနှစ်စမှာ ကမ္ဘာလှည့်ခရီးသွား ၈ သန်းကျော်ဝင်ရောက်လာခဲ့တဲ့အတွက် ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းကတစ်ဆင့် ဝင်ငွေ ထိုင်းဘတ်ငွေ ၃၅၉.၂၇ ဘီလျံရရှိခဲ့ကြောင်း အခုနှစ် ကောက်ယူရရှိထားတဲ့ စာရင်းဇယားအချက်အလက်တွေအရ သိရပါတယ်။

 

အခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၁၇ ရက်နေ့အထိ ကမ္ဘာလှည့်ခရီးသွား ၈၀၇၄၆၅၃ ဦး ရောက်ရှိ လာခဲ့တယ်လို့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစား စီးပွားရေးဆိုင်ရာဌာနခွဲက စာရင်းအချက်အလက်တွေ အရ သိရကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီး ဆူဒါဝန်ဝန်ဆူဖာကစ်ကိုဆိုးလ်က အင်္ဂါနေ့ (မတ်လ ၁၉ ရက်နေ့) က ပြောပါတယ်။

 

ထိုင်းနိုင်ငံထဲဝင်ရောက်လာတဲ့ ထိပ်ဆုံး ၁၀ နိုင်ငံထဲမှာ တရုတ်နိုင်ငံသား ၁,၄၉၃,၀၅၂၊ မလေးရှား ၁,၀၄၆,၇၂၅၊ ရုရှား ၅၃၈,၇၀၉၊ တောင်ကိုရီးယား ၅၀၁,၄၆၈၊ အိန္ဒိယ ၃၉၉,၆၈၃၊ လာအို ၂၆၂,၄၂၂၊ ဂျာမနီ ၂၆၂,၁၁၉၊ အ မေရိကန် ၂၃၉,၄၀၈၊ ဂျပန် ၂၃၄,၄၆၀ နဲ့ ဗြိတိန် ၂၃၄,၄၃၂ တို့ဖြစ်ပါတယ်။

 

နောက်ဆုံးသီတင်းပတ်မှာ ကမ္ဘာလှည့်ခရီးသွား ၆၄၅,၀၆၂ ဦး ရောက်ရှိလာရာ အဲဒီရှေ့ကအပတ်ထက် လူဦး ရေ ၅၃,၆၁၃ လျော့သွားကြောင်း ဆူဒါဝန်က ပြောပါတယ်။

 

ရာမဒန်ဥပုသ်လအတွင်းဖြစ်နေလို့ မလေးရှားခရီးသွားဦးရေ ဝင်ရောက်လာမှုဟာ ရှေ့သီတင်းပတ်နဲ့ နှိုင်းယှဉ် ရင် ၃၅,၇၉၅ ဦး ကျဆင်းသွား ကြောင်းလည်း ၎င်းက ပြောပါတယ်။

 

တပြိုင်တည်းမှာ နောက်ဆုံးသီတင်းပတ်မှာ ထိပ်ဆုံးကဝင်ရောက်လာတာကတော့ တရုတ် ၁၃၁,၁၄၉၊ မလေး ရှား ၆၀,၄၉၁၊ ရုရှား ၄၆,၄၀၇၊ အိန္ဒိယ ၃၅,၂၆၁ နဲ့ တောင်ကိုရီးယား ၃၄,၃၃၇ တို့ဖြစ်ကြောင်း ၎င်းကပြောပါ တယ်။

 

Ref: Thailand generates over 350 billion baht from 8 million+ arrivals this year

 

#PeopleMedia


Share this post