• Follow Us on
Latest News

Home နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်ဆောင်ရွက်ရေး ထိုင်းနဲ့ သြစတေးလျ စဉ်းစားနေ

နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်ဆောင်ရွက်ရေး ထိုင်းနဲ့ သြစတေးလျ စဉ်းစားနေ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅

 

နှစ်နိုင်ငံ ပြည်သူတွေကြား ခရီးသွားလာရေးနဲ့ စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံဗီဇာ ကင်းလွတ်ခွင့် စတင်ဆောင်ရွက်ရေး စဉ်းစားဖို့ ထိုင်းနိုင်ငံနဲ့ သြစတေးလျနိုင်ငံတို့ သဘောတူညီလိုက်ကြောင်း The Nation မှာ ရေးသားဖော်ပြထားပါတယ်။

 

ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်နဲ့ သြစတေးလျဘုရင်ခံချုပ်ဒေးဗစ်ဟာလေးတို့ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်နေ့) က အစိုးရအိမ်တော်မှာတွေ့ဆုံစဉ် အခုအဆိုပြုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

မစ္စတာဟာလေးနဲ့ ကြင်ယာတော် လင်ဒါတို့ဟာ စနေနေ့မတိုင်ခင်ကတည်းက ထိုင်းနိုင်ငံကို အလည်အပတ် ရောက်ရှိနေတာဖြစ်ပါတယ်။

 

နှစ်နိုင်ငံကြား လက်ရှိဆောင်ရွက်နေတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံစလုံးက ကျေ နပ်ကြတဲ့အတွက် မစ္စတာဆရက်ထာက သြစတေးလျခရီးသွားတွေကို ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့ရည် ရွယ်ချက်နဲ့ ထိုင်းနိုင်ငံကို လာလည်စေချင်တယ်လို့ ဆိုပါတယ်။

 

ဝန်ကြီးချုပ်ဆရက်ထာဟာ ထိုင်းနိုင်ငံနဲ့ သြစတေးလျနိုင်ငံကြး ကုန်သွယ်မှုပမာဏနဲ့ တန်ဖိုး မြှင့်တင်နိုင်ဖို့အ တွက် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ရရှိရေး ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း အဆိုပြုထား ပါတယ်။

 

ဒါ့အပြင် ထိုင်းနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ စွမ်းအင်ထုတ်လုပ်ရေးနဲ့ စမတ်နည်းပညာကဏ္ဍမှာ လည်း အခွင့်အလမ်းတွေရှာဖွေဖို့အတွက်လည်း သြစတေးလျရင်းနှီးမြှုပ်နှံသူတွေကို ဆရက်ထာက တိုက်တွန်း ခဲ့ပါတယ်။

 

လာမယ့်လဆန်းမှာ ကျင်းပမယ့် အာဆီယံ-သြစတေးလျ အထူးအစည်းအဝေးဟာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ရှာ ဖွေဖို့နဲ့ နိုင်ငံတောင်ပိုင်းက ကုန်းတွင်းတံတားစီမံချက်ကို မီးမောင်းထိုးပြဖို့ ထိုင်းနိုင်ငအတွက် အခွင့်အလမ်းတစ် ရပ် ရလာမှာဖြစ်ကြောင်း မစ္စတာဟာလေးက ပြောပါတယ်။

 

ခရီးစဉ်အတွင်း မစ္စတာဟာလေးနဲ့ ကြင်ယာတော်ဟာ ထိုင်းဘုရင်မင်းမြတ်/ မိဖုယားတို့နဲ့ သွားရောက်တွေ့ဆုံဖို့ လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

 

Ref: Thailand and Australia to consider visa waivers

 

#PeopleMedia


Share this post