နှစ်(၈၀) ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ စုပေါင်းသွေးလှူဒါန်းပြုလုပ်

PUBLISHED - March 25, 2025
နေပြည်တော်၊ မတ် ၂၅
၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင်ကျရောက်မည့် နှစ်(၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
သွေးအလှူရှင်များအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးအုပ်စုခွဲခြင်းများ ဆောင်ရွက်ပေးပြီး သွေးအလှူရှင် ၆၈ ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ပြီး၊ သွေးအိတ်ထုပ်များကို နယ်မြေခံတပ်မတော် ဆေးရုံနှင့် တောင်ကြီးမြို့ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
အခမ်းအနားကို တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ဆရာတော်သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ရှမ်းပြည်နယ် YMBA အသင်းမှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်များ၊ သွေးအလှူရှင် များ တက်ရောက်ကြသည်။
#PeopleMedia