န-စ-ကမှ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့အပါအဝင် အခြားသော လူ (၄၅) ဦးအား သေဒဏ်ချမှတ်ခြင်းကို ရှုံ့ချကန့်ကွက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဆွီဒင်သံရုံးထုတ်ပြန်

PUBLISHED - January 25, 2022
ရန်ကုန်၊ ဇန်နဝါရီ ၂၅ (People Media)
န-စ-ကမှ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဦးဂျင်မီနှင့် လွှတ်တော်အမတ်(ဟောင်း)ဖြစ်သူ ဦးဖြိုးဇေယျာ သော်တို့အပါအဝင် အခြားသော လူ (၄၅) ဦးအား သေဒဏ်ချမှတ်ခြင်းကို ရှုံ့ချကန့်ကွက်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာဆွီဒင်သံရုံးထုတ်ပြန်လိုက်သည်။
သေဒဏ်ချမှတ်ခြင်းသည် ရက်စက်၊ လူမဆန်၊ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေပြီး ပြန်လည်ပြင်ဆင်ခွင့်မရသည့် ပြစ် ဒဏ်ဖြစ်သည့်အပြင် လူသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သည့် အသက်ရှင်ခွင့်အား ချိုးဖောက်နေသည့် ပြစ်ဒဏ်လည်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဆွီဒင်နိုင်ငံနှင့် ဥရောပသမဂ္ဂအနေဖြင့် ကမ္ဘာလုံးအတိုင်းအတာ သေဒဏ်ဖျက်သိမ်းရေးအား ကြိုးပမ်းလုပ် ဆောင်နေသည်နှင့်အညီ မည်သည့်အကြောင်းအရာပုံစံမျိုးနှင့်မဆို သေဒဏ်ချမှတ်ခြင်းအား ရှုံ့ချကန့်ကွက် ကြောင်း ထုတ်ပြန်ထားသည်။
ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ဦးကျော်မင်းယု ခေါ် ဦးဂျင်မီနှင့် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးဖြိုး ဇေယျာသော်တို့အား သေဒဏ် ချမှတ်လိုက်ပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၄၅ ဦးထိ ရှိလာသည့်အတွက် အသက်ရှင်သန်ခွင့်အား လေးစားလိုက်နာခြင်းသည် လူ့အခွင့်အရေး၏ အဓိကအချက်ပင်ဖြစ်ကြောင်း ဆွီ ဒင်နိုင်ငံအနေဖြင့် ထပ်လောင်း သတိပေးလိုပြီး၊ သေဒဏ်ချမှတ်ခြင်းအား ဖျက်သိမ်းခြင်းနှင့်အတူ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Photo – မြန်မာနိုင်ငံဆိုင်ရာဆွီဒင်သံရုံး
#PeopleMedia #မြန်မာနိုင်ငံဆိုင်ရာဆွီဒင်သံရုံး
(unicode)
…………………………………………………………